ဒဏ်ခတ်ပိတ်ဆို့

September 19, 2021

ဂီနီအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု စိုးရိမ်စရာမရှိဟု အာဏာသိမ်း စစ်ခေါင်းဆောင်ပြော

အခြေခံဥပဒေနဲ့ အုပ်ချုပ်ဖို့ အမြန်အသွင်ကူးပြောင်းရေး ဖိအားပေးတဲ့အနေနဲ့ ဒေသတွင်းအဖွဲ့က ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ချမှတ်မှာကို မစိုးရိမ်ဘူးလို့ ဂီနီနိုင်ငံရဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်က အနောက်အာဖရိက ခေါင်းဆောင်တွေရဲ့ ကိုယ်စားလှယ်တွေကို ပြောခဲ့တဲ့အကြောင်း စစ်အာဏာသိမ်းအဖွဲ့ရဲ့ ပြောခွင့်ရက စက်တင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။

စက်တင်ဘာ ၅ ရက်က ဂီနီသမ္မတ အယ်လ်ဖှာ ကွန်ဒေကို အာဏာသိမ်းတဲ့အတွက် တုံ့ပြန်တဲ့အနေနဲ့ ဂီနီစစ်ကောင်စီနဲ့ သူတို့ရဲ့ ဆွေမျိုးတွေ ပိုင်ဆိုင်သမျှ ဘဏ္ဍာရေးကို ပိတ်ဆို့ဖို့နဲ့ ခရီးသွားမှု တားမြစ်ပိတ်ပင်ဖို့ အနောက်အာဖရိကနိုင်ငံများ စီးပွားရေး လူ့အဖွဲ့အစည်း ECOWAS က စက်တင်ဘာ ၁၆ ရက်မှာ သဘောတူခဲ့ပါတယ်။

စစ်သားတွေအနေနဲ့ သူတို့အလုပ်က ဂီနီမှာပဲရှိတယ် ဘဏ်စာရင်းတွေ ပိတ်သိမ်းဖို့ ဘာမှ မရှိဘူးလို့ အာဏာသိမ်းခေါင်းဆောင် မာမာဒီဒွမ်ဘောင်ယာက ပြောခဲ့တဲ့ အကြောင်း စစ်ကောင်စီ ပြောခွင့်ရက သတင်းစာ ရှင်းလင်းပွဲမှာ ပြန်ပြောပြပါတယ်။

ဒီမှတ်ချက်တွေကို ဂီနီမြို့တော် ကိုနာခရီဆီ လာရောက်လည်ပတ်တဲ့ အိုင်ဗရီကို့စ်နဲ့ ဂါနာ သမ္မတတွေနဲ့ ဒွမ်ဘောင်ယာတို့ အစည်းအဝေးအတွင်း ပြောခဲ့တာပါ။  သမ္မတ ကွန်ဒေကို ပြန်လွှတ်ရေး အားထုတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ 

မနှစ်တည်းက ခုထိ အလယ်နဲ့ အနောက် အာဖရိကဒေသမှာ စစ်အာဏာသိမ်းမှု လေးရပ်ကို ကြုံတွေ့ခဲ့ရတာပါ။

ဒါကြောင့် ဒေသတွင်း ဒီမိုကရေစီ နောက်ပြန်ဆွဲတာ ထပ်မဖြစ်အောင် ဟန့်တားဖို့  ECOWAS အဖွဲ့ဝင်တွေရဲ့ ဆန္ဒအရ ဒဏ်ခတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

2 months Ago

July 2, 2021

အာဏာသိမ်းစစ်ကောင်စီကို ဆွစ်ဇာလန်က ဒဏ်ခတ်ပိတ်ဆို့မှုအသစ်ချမှတ်

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးကတည်းက  ဖိနှိပ်မှုတွေကို ဆက်လက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီအကြိမ်ဖက်အဖွဲ့ကို ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်လိုက်ကြောင်း ဇွန် ၁ ရက်နေ့က ကြေညာလိုက်ပါတယ်။ 

ရှေ့နေချုပ်၊ ၀န်ကြီး ၄ ယောက်နဲ့ ဒုတိယ၀န်ကြီး ၄ ယောက် အပါအဝင် လူ  ၈ ယောက်ကို ပစ်မှတ်ထားတဲ့ စာရင်းထဲ ထပ်ဖြည့်လိုက်တာ ဖြစ်ပါတယ်။ 

ဒီလူတွေဟာ မြန်မာပြည်က ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို အားနည်းစေတဲ့ လုပ်ရပ်တွေနဲ့ မူဝါဒတွေကိုသာမက နိုင်ငံရဲ့ငြိမ်းချမ်းရေး၊ လုံခြုံမှုနဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်နေတဲ့ လုပ်ရပ်တွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရုံသာမက ထောက်ခံအားပေးသူတွေ ဖြစ်တယ်လို့ စီးပွားရေးရာ နိုင်ငံတော်အတွင်းဝန်ရုံးက ပြောပါတယ်။ 

ဒဏ်ခတ်အရေးယူခံထားရသူတွေကို  ဆွစ်ဇာလန်က ခရီးသွားလာမှုတားမြစ်ထားပြီး ဆွစ်ဇာလန်မှာရှိတဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုလည်း ထုတ်ယူသုံးစွဲခြင်း မပြုနိုင်ဖို့ တားမြစ်ထားပါတယ်။ 

ဒါ့အပြင် ကျောက်မျက်ရတနာနဲ့ သစ်လုပ်ငန်းကဏ္ဍတွေမှာ ပါဝင်ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်း ၄ ခုကိုလည်း ဒဏ်ခတ်ပိတ်ဆို့တဲ့ စာရင်းထဲမှာ ထပ်ဖြည့်ထားပါတယ်။ 

ဆွစ်ဇာလန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ပြီးခဲ့တဲ့အပတ်က ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ ပိတ်ပင်ထားမှုနဲ့လည်း ကိုက်ညီပါတယ်။ 

ဧပြီလတုန်းက ဆွစ်ဇာလန်နိုင်ငံဟာ မြန်မာစစ်ကောင်စီအကြမ်းဖက်အဖွဲ့ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင် ၉ ယောက်အပြင် ရွေးကောက်ပွဲဥက္ကဋ္ဌတို့ကို ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်ခဲ့ပါတယ်။ 

5 months Ago
Up