ဒက်ချမ့်

May 27, 2016

ကန်တိုနာကို ပြင်သစ်နည်းပြ တရားစွဲမည်

နာမည်ကြီး မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း အဲရစ် ကန်တိုနာကို ပြင်သစ်နည်းပြ ဒီဒီယာ ဒက်ချမ့်က တရားစွဲမှာ ဖြစ်ပါတယ်။ ပြင်သစ်ကစားသမား ဘန်အာဖာနဲ့ ကရင့်ဘန်ဇီမာကို ပြင်သစ်က ယူရို ၂၀၁၆ ခုနှစ်အတွက် မရွေးတာဟာ အာဖရိက နွယ်တွေဖြစ်နေလို့ဆိုတဲ့ ကန်တိုနာရဲ့ မှတ်ချက်အပေါ် တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်။ အင်္ဂလန် ဂါးဒီယန်းသတင်းစာက ဒက်ချမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ ခွဲခြားမှုတခုလားလို့ မေးမြန်းခဲ့ရာမှာ အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ ကန်တိုနာရဲ့မှတ်ချက်နဲ့ ပတ်သက်ပြီး ပြင်သစ်ဘောလုံးအဖွဲ့ချုပ်နဲ့ ဒက်ချမ့်တို့က တစုံတရာ တုံ့ပြန်ခဲ့ခြင်း မရှိခဲ့ပေမယ့် ဒီမှတ်ချက်အပေါ် တရားစွဲဖို့ စီစဉ်နေတာလို့ ဒက်ချမ့်ရှေ့နေက အတည်ပြုပါတယ်။ ဘန်ဇီမာကို ခြိမ်းခြောက်ငွေညှစ် အကျပ်ကိုင်ခံရမှုတွေကြောင့် နိုင်ငံတကာ ပြိုင်ပွဲတွေကနေ ဒီဇင်ဘာလကတည်းက အနားပေးထားတာ ဖြစ်ပါတယ်။
5 years Ago
Up