ထွေအုပ်ဝန်ထမ်း

October 12, 2021

ဆောမြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ စတင်ဖွဲ့စည်း၊ နတ်မောက်တွင် ထွေအုပ်ဝန်ထမ်း ၂ ဦး ပစ်သတ်ခံရ

မကွေးတိုင်း၊ ဆောမြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အဖွဲ့ဝင် ၁၉ ဦးနဲ့  စတင်ဖွဲ့စည်းလိုက်ပြီ ဖြစ်တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

ဆောမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်သူတဦးက “အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အုပ်ချုပ်ရေးယန္တရား တဖြည်းဖြည်း ခိုင်မြဲစွာ ရပ်တည်နိုင်ရေးရည်ရွယ်ပြီး ဆောမြို့နယ်ထဲက ဒေသတွေအားလုံးကို လွှမ်းခြုံနိုင်တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။ လိုအပ်သလိုလည်း တိုးချဲ့ဖွဲ့စည်းသွားမှာပါ” လို့ ပြောပါတယ်။

အခု ဖွဲ့စည်းပြီးဖြစ်တဲ့ ဆောမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို နာယကအဖွဲ့ဝင် ၄ ဦး၊ အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ၂ ဦး၊ လုံခြုံရေးတာဝန်ခံ ၃ ဦး၊ ကျန်းမာရေးတာဝန်ခံ၊ လူသားချင်းစာနာကူညီရေးနဲ့ ပြန်လည်နေရာချထားရေးတာဝန်ခံ၊ စည်ပင်သာယာရေးတာဝန်ခံ၊ ဥပဒေရေးရာတာဝန်ခံ၊ ဆက်သွယ်ရေးတာဝန်ခံ၊ လျှပ်စစ်ရေးရာတာဝန်ခံ၊ ဘဏ္ဍာရေးတာဝန်ခံ၊ ပညာရေးတာဝန်ခံ နဲ့ နယ်မြေဒေသအလိုက် လောင်းရှည်ဒေသတာဝန်ခံ၊ ကျောက်ထုဒေသတာဝန်ခံ စတဲ့ တာဝန်ခံ ၁၉ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဆက်လက်ပြီး ပြည်ထောင်စုလွှတ်ကိုယ်စားပြုကော်မတီ (CRPH) ရဲ့လမ်းညွှန်ချက်တွေနဲ့ အညီ လိုအပ်တဲ့ကဏ္ဍတွေအလိုက်‌ တိုးချဲ့ဖွဲ့စည်းသွားမှာဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေး ဖွဲ့စည်းပုံ‌ တွေကို မကြာမီထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မကွေးတိုင်းအတွင်း မြို့နယ်တချို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်နေကြတာ ရှိသလို တချို့နေရာတွေမှာတော့  သတ်ဖြတ်ခံနေရတာရှိပါတယ်။ 

မကွေးတိုင်း၊ နတ်မောက်မြို့၊ မြောက်ဘက် ရွာမွန်စစ်ဆေးရေးဂိတ်အနီး နတ်မောက်-ပင်းမြို့ဟောင်းကားလမ်းပေါ်မှာ ထွေအုပ်ဝန်ထမ်း ၂ ဦး အောက်တိုဘာ ၁၁ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်လောက်က ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက "နတ်မောက်ထွေအုပ်ရုံးက စာရေး ၂ ယောက် အပစ်ခံတာ။ ဆိုင်ကယ်နဲ့လာပစ်သွားတာတဲ့။ နှစ်ယောက်လုံးသေသွားတယ်။ ဘယ်ဇာတိလည်းမသိဘူး'' လို့ ပြောပါတယ်။

အသေးစိတ်သိရှိနိုင်ဖို့ နတ်မောက်ထွေအုပ်ရုံးကို ဖုန်းခေါ်ဆိုခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိလို့ ပစ်ခတ်ခံရသူတွေရဲ့ အမည်၊ ရာထူးနဲ့ နေရပ်တွေမသိရသေးပါဘူး။

နတ်မောက်ထွေအုပ်စာရေး ၂ ယောက် ပစ်ခတ်ခံရမှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့ကမှ သူတို့ရဲ့လက်ချက်လို့ ထုတ်ပြန်ကြေညာတာ  မတွေ့ရှိရသေးပါဘူး။

2 months Ago

September 20, 2021

ခင်ဦးမြို့နယ်တွင် ထွေအုပ်ဝန်ထမ်းက ကလေးငယ်ကို သွေးထွက်သံယိုရိုက်၊ ရဲက အရေးမယူ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ကလေးငယ်တဦးကို အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းက သွေးထွက်သံယိုရိုက်နှက်မှုကို ခင်ဦးမြို့မရဲစခန်းကို တိုင်ကြားခဲ့ပေမဲ့ အရေးမယူပေးဘူးလို့ သိရပါတယ်။ 

ခင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး စာရေးဝန်ထမ်း ရဲအောင်ဆိုသူက စစ်မှုထမ်းဟောင်းတဦး (အမည်မဖော်လိုသူ) ရဲ့ ၁၂ နှစ်အရွယ်သမီးငယ် ဝိုင်းစုရတနာပုံကို စက်တင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းမှာ ရိုက်နှက်ခဲ့တာလို့ ကူညီပေးနေသူတဦးက ပြောပါတယ်။

မဝိုင်းစုရတနာပုံရဲ့ ဖခင်ဟာ တပ်မတော်ကနေ အနားပေးခံထားရတဲ့ စစ်သက် အနှစ် ၂၀ တာဝန်ထမ်းခဲ့တဲ့ စစ်သားဟောင်းတဦးဖြစ်ပြီး သူဟာ လက်ရှိစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပြည်သူလူထုဘက်က ရပ်တည်တဲ့အတွက် အငြှိုးအတေးထားပြီး မဆိုင်တဲ့ ကလေးငယ်ကို လူမဆန်စွာ ရိုက်နှက်ခဲ့တာလို့ ဆိုပါတယ်။

ဒီကလေးငယ်ဘက်က လိုက်ပါကူညီနေသူတဦးက “ဖအေကို ကြည့်မရတော့ သားသမီးကို လုပ်တဲ့သဘောပဲ။ သူ့အဖေက ပြေးနေရတယ်။ လူထုထောက်ခံပွဲမှာ ပါတော့ ဖအေက ၀ရမ်းထုတ်ခံထားရတယ်။ အဖမ်းအဆီးများတော့ အဲလူက အိမ်မှာမနေဘဲ ရှောင်နေချိန်မှာ ဖအေကို မကျေနပ်တာနဲ့ ဘာမှမဆိုင်တဲ့ ကလေးကို ရိုက်တာ၊ သက်သက်အနိုင်ကျင့်တာပေါ့” လို့ ပြောပါတယ်။

အသက်မပြည့်သေးတဲ့ ကလေးငယ်အပေါ် သွေးထွက်သံယိုရိုက်နှက်မှုအပြင် ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး ထိခိုက်နစ်နာမှုတွေအတွက် တိုင်ကြားချက်အပေါ် အလေးမထားတဲ့ ခင်ဦးမြို့မရဲစခန်းကို ပြည်သူတွေအကြား ဝေဖန်ပြစ်တင်နေကြပါတယ်။

2 months Ago
More News
Up