ထောက်ခံ

January 21, 2021

ကမ္ဘာခေါင်းဆောင်များက အမေရိကန်သမ္မတသစ်နှင့် ဒုသမ္မတတို့ကို ကြိုဆိုထောက်ခံ

ကမ္ဘာတဝန်းက နိုင်ငံ့ခေါင်းဆောင်တွေက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဒုသမ္မတ ကာမာလာဟာရစ်တို့ကို ထောက်ခံကြောင်း ဇန်နဝါရီ ၂၀ ရက်က တွစ်တာလူမှုကွန်ရက်ပေါ်ကနေ ရေးသား ဂုဏ်ပြုခဲ့ကြပါတယ်။ ဇန်နဝါရီ ၂၀ ရက်က အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီရှိ အောက်လွှတ်တော်မှာ ကျင်းပတဲ့ လုံခြုံရေး အကြီးအကျယ် စောင့်ကြပ်နေတဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲအတွင်း အစိုးရအဖွဲ့သစ်ဟာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြတာပါ။ ဒီပွဲကို ကမ္ဘာတဝန်းက မီဒီယာတွေမှာ ခေါင်းကြီးပိုင်း သတင်းအဖြစ် ကြေညာခဲ့ကြပါတယ်။  ရုရှားမီဒီယာကတော့ ဧည့်သည်တော်ထက် လက်နက်ကိုင်အစောင့် ပိုများနေတဲ့ အခမ်းအနားအဖြစ် ကြေညာခဲ့တာပါ။ ရုရှားအစိုးရကတော့ အမေရိကန်နဲ့ နျူကလီးယားလက်နက်ထိန်းချုပ်ရေး သဘော တူညီချက်ကို သက်တမ်း တိုးဖို့ ဆက်ကတိပြုထားပြီး သဘောတူညီချက်ရဖို့ သမ္မတ ဂျိုးဘိုင်ဒင် အစိုးရက ကတိပြုထားတဲ့ အားထုတ်မှုတွေကို ကြိုဆိုမယ်လို့ ဇန်နဝါရီ ၂၀ ရက်မှာ ပြောခဲ့ပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပွဲ အပြီးမှာတော့ ဘိုင်ဒင်ဟာ သမ္မတအဖြစ် ပထမဆုံး တရားဝင် လုပ်ရပ်အနေနဲ့ ရာထူးခန့်အပ်ရေး အဆိုပြုလွှာတွေကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
4 months Ago

December 11, 2020

ဖိုင်ဇာထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အမေရိကန် FDA ထောက်ခံ

ဖိုင်ဇာကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အမေရိကန် အစားအစာနဲ့ဆေးဝါးအုပ်ချုပ်ရေးအဖွဲ့ ( FDA ) က ဒီဇင်ဘာ ၁၀ ရက်မှာ တခဲနက် ထောက်လိုက်ပါတယ်။  ဂျာမန် BioNTech ကုမ္ပဏီနဲ့ ပေါင်းထုတ်တဲ့ ဖိုင်ဇာကိုဗစ်ကာကွယ်ဆေးကို  FDA ကော်မတီက ထောက်ခံမဲ ၁၇ မဲ ကန့်ကွက်မဲ ၄ မဲနဲ့ ထောက်ခံခဲ့တာပါ။  ဖိုင်ဇာကိုဗစ်ကာကွယ်ဆေးရဲ့ အကျိုးကျေးဇူးတွေဟာ ကာကွယ်ဆေးထိုးလို့ အသက် ၁၆ နှစ်နဲ့ အထက် အရွယ်ရောက်ပြီးသူတွေ ကြုံတွေ့ရမယ့် ဆိုးကျိုးတွေထက်  သာလွန်ပါတယ်။  FDA ရဲ့ ထောက်ခံချက်ကို စောင့်ဆိုင်းနေချိန်မှာပဲ  ပင်ဆာဗေးနီးယားပြည်နယ်  UPMC ပရက်စ်ဘီသီရီယန် ဆေးရုံကို ဖိုင်ဇာကိုဗစ်ကာကွယ်ဆေးဆိုင်ရာပစ္စည်းတွေ ရောက်လာပါတယ်။   UPS က ပို့ဆောင်တဲ့  စက္ကူသေတ္တာတွေထဲမှာ  ကာကွယ်ဆေးမှတ်တမ်းကတ် ၊ နှာခေါင်းစည်း ၊ မျက်နှာကာ ၊ သတင်းအချက်အလက် စာရွက် နဲ့ ဆေးထိုးအပ်တွေ ပါဝင်ပါတယ်။ ဒါတွေအပြင် ကာကွယ်ဆေးဆိုင်ရာ ဆေးခန်းဖွင့်ဖို့ လိုအပ်တဲ့ တခြားပစ္စည်းတွေလည်း ပါဝင်တယ်လို့ ဆေးရုံက ပြောကြားခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
5 months Ago
More News
Up