ထိုင်း နှင့် ဗီယက်နမ် ငါးဖမ်းစက်လှေများ အင်ဒိုနီးရှား ဖျက်ဆီး

October 21, 2015

ထိုင်း နှင့် ဗီယက်နမ် ငါးဖမ်းစက်လှေများ အင်ဒိုနီးရှား ဖျက်ဆီး

ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံကနေ ဖမ်းဆီးထားတဲ့ ငါးဖမ်းစက်လှေတွေကို ဖျက်ဆီးနေတဲ့ ဓာတ်ပုံတွေ အင်ဒိုနီးရှားက အောက်တိုဘာ ၂၁ ရက်က ထုတ်ပြလိုက်ပါတယ်။ တရားမ၀င်ငါးခိုးဖမ်းတဲ့ စက်လှေတွေကို ဖျက်ဆီးဖို့ အင်ဒိုနီးရှားက အမိန့်ပေးခဲ့တာလို့ အေပီနဲ့ အီးပီအေ ဓာတ်ပုံ သတင်းထောက်တွေက ဆိုပါတယ်။ အရင်နှစ်က ဖမ်းဆီးထားတဲ့ စက်လှေတွေဟာ အာချေးပင်လယ်က ဘတ်တန်မှာ ဆိပ်ကပ်ထားတာ ဖြစ်ပါတယ်။ အင်ဒိုနီးရှား ရေတပ်ကလည်း ရေပိုင်နက်အတွင်း တရားမ၀င် ၀င်ရောက်တဲ့ ငါးဖမ်းလှေတွေကို ရပ်တန့်ဖို့ အစိုးရ အမိန့် လိုက်နာတာလို့ အေပီသတင်းက ရေးပါတယ်။ 1310232အောက်တိုဘာ ၂၀ ရက်က ဘတ်တန်ကျွန်းမှာ စက်လှေတွေကို ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံခြားသားပိုင် စက်လှေအမြောက်အမြားကို ဖျက်ဆီးခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့် ပါဝင်တဲ့ စက်လှေအရေအတွက်နဲ့ အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။
6 years Ago
Up