ထိုင်းဝန်ကြီးချုပ်

October 3, 2018

ဘန်ကောက်လေဆိပ်တွင် တရုတ်နိုင်ငံသား ၁ ဦး ထိုးကြိတ်ခံရမှု ထိုင်း ပြန်တောင်းပန်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်းမောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်က တရုတ်နိုင်ငံမှ ခရီးသည်တဦး ထိုးကြိတ်ခံရတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဆိုင်ရာ ထိုင်းသံရုံးကနေတဆင့် တရုတ်ခရီးသွားအားလုံးကို တောင်းပန်ကြောင်း စာပို့ဖို့ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ကျန်အိုးချားက ညွှန်ကြားထားပါတယ်။ ဒွန်းမောင်းလေဆိပ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့က တရုတ်နိုင်ငံမှ ၀င်လာတဲ့ ခရီးသွားဧည့်သည်တဦးဟာ ပြည်ဝင်ခွင့်ဗီဇာတုံး မထုလာတဲ့အတွက် တာဝန်ရှိသူတွေက အကျိုးအကြောင်းမေးမြန်းခဲ့ကြောင်း၊ ဒါပေမယ့် ခရီးသည်က ကောင်းစွာမဖြေနိုင်ဘဲ ဝေ့လည်ကြောင်ပတ်ဖြစ်နေလို့ သူ့ကို ဌာနေပြန်ပို့မယ့်အခန်းထဲ ထိန်းသိမ်းထားစဉ် ခရီးသည်မှာ အဲဒီအခန်းထဲက ပြေးထွက်လာပြီး အပြင်မှ ခရီးသည်တွေနဲ့ ပြန်ရောနှောနေထိုင်တာကြောင့် လုံခြုံရေး အစောင့်ဝန်ထမ်းတဦးက ဒေါသမထိန်းနိုင်ဘဲ ထိုးကြိတ်ခဲ့တာပါ။ ဒီကိစ္စဟာ  လုံးဝမဖြစ်သင့်တဲ့ အရာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေကြောင်း၊ အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ နိုင်ငံရဲ့ ပထမဆုံးဝင်ပေါက်ဖြစ်တာကြောင့် ခရီးသည်ဘက်က မသင့်လျော်တဲ့ အပြုအမူတွေ ရှိရင်တောင်မှ ကိုယ်က အိမ်ရှင်အနေနဲ့ နိုင်ငံကြီးသား ပီသစွာ သည်းခံပြီး ကောင်းမွန်စွာ ဆက်ဆံရမှာဖြစ်ကြောင်း၊ ခုလိုဖြစ်သွားတဲ့အပေါ် ၀န်ကြီးချုပ်က အထူးစိတ်မသက်မသာဖြစ်ပြီး ကမ္ဘာလှည့် ခရီးသွားတွေရဲ့ ထိုင်းနိုင်ငံပေါ် ထားရှိမယ့် ခံစား ချက်ကိုလည်း စိုးရိမ်ကြောင်း၊ ဒါကြောင့် တရုတ်နိုင်ငံဆိုင်ရာ ထိုင်းသံရုံးကနေတဆင့် တောင်းပန်စာပေးပို့ဖို့ ၀န်ကြီးချုပ်က ညွှန်ကြားထားကြောင်း ထိုင်းဝန်ကြီးများရုံး ပြောခွင့်ရ ဗိုလ်မှူးကြီး ဆန်ဆဲင် ကယောက်ကမ်နုတ်က စက်တင်ဘာ ၃၀ မှာ သတင်းထောက်တွေကို ပြောပါတယ်။ ခရီးသည်အား ထိုးကြိတ်သူ လုံခြုံရေးဝန်ထမ်းကိုတော့ ရက်ပေါင်း ၃၀ တာဝန်မှ အနားပေးထားပြီး ဒီအတောအတွင်း သူ့ကိုစစ်ဆေးမှာဖြစ်ကာ အလုပ်မှထုတ်ပယ်သည်အထိ ပြစ်ဒဏ်ကျနိုင်တယ်လို့  လေဆိပ်တာဝန်ရှိသူက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်တွေက တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်တွေ တစ်နှစ်ကို ၇ သိန်းမှ ၈ သိန်းထိ လာရောက်လည်ပတ်ခဲ့ကြပြီး ဒီနှစ် ဇူလိုင်လက ဖူးခက်ခရိုင်မှာ  တရုတ်ခရီး သည်တွေပါတဲ့ သဘောင်္နစ်မြုပ်မှုဖြစ်ပြီးတဲ့နောက် ခရီးသည်လျော့ပါးသွားတယ်လို့ workpoint ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
3 years Ago

June 28, 2016

ဗြိတိန်ဝန်ကြီးချုပ် မဟုတ်သဖြင့် နုတ်ထွက်မည်မဟုတ်ဟု ထိုင်းဝန်ကြီးချုပ် ပြော

သြဂုတ် ၇ ရက် လူထုဆန္ဒခံယူပွဲမှာ အခြေခံဥပဒေကို လက်မခံရင်လည်း ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်း မဟုတ်တဲ့အတွက် နုတ်ထွက်မှာ မဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောပါတယ်။ ဇွန် ၂၇ ရက်က ဥရောပသမဂ္ဂကနေ နုတ်ထွက်ဖို့ လူထုတွေက မဲပေးခဲ့ပြီးနောက် ၀န်ကြီးချုပ်ရာထူးကနေ နုတ်ထွက်သွားတဲ့ ကင်မရွန်းကို အတုယူမလားဆိုတဲ့ သတင်းထောက် အမေးကို တုံ့ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အခြေခံဥပဒေမူကြမ်း လူထုရဲ့ ထောက်ခံချက်မရရင် နုတ်ထွက်သင့်တယ်လို့ ပြူထိုင်းပါတီ ခေါင်းဆောင်တွေက တောင်းဆိုထားပါတယ်။ ဗြိတိန်နဲ့ ထိုင်းရဲ့ ပြဿနာက မတူတဲ့အတွက် နုတ်ထွက်ဖို့ မရည်ရွယ်ထားဘူးလို့ ပရာယွတ်က ပြောပါတယ်။ “ဖြစ်ရပ် ၂ ခုက မတူကွဲပြားပါတယ်။ ငါ့ကို နုတ်ထွက်စေချင်လို့လား၊ မထွက်ပါဘူး။ စည်းကမ်းတွေကို ငါက ချမှတ်ခဲ့တာပါ” လို့ ပရာယွတ်က ပြောပါတယ်။ အဆိုပြုထားတဲ့ အခြေခံဥပဒေကြမ်းက ပရာယွတ်ရဲ့သက်တမ်းအတွင်းမှာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာက အခြေခံဥပဒေ ပထမမူကြမ်းကို အမျိုးသားဥပဒေပြု အဖွဲ့အစည်းက ဆန့်ကျင်ခဲ့ပါတယ်။ အခြေခံဥပဒေမူကြမ်းကို ဆန့်ကျင်ဖို့ တောင်းဆိုနေတဲ့ နိုင်ငံရေးသမားနဲ့ တက်ကြွလှုပ်ရှားသူတွေလည်း ဖမ်းဆီး ထိန်းသိမ်းခံနေရပါတယ်။
5 years Ago
More News
Up