ထီးချိုင့်မြို့နယ်

March 22, 2021

ထီးချိုင့်မြို့တွင် CDM ဆရာ ဆရာမများ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့မှာ  အထက်တန်းကျောင်းဝင်းအတွင်း မူလတန်းကျောင်း အုပ်သင်တန်းပေးနေတာကို CDM ဆရာ/ဆရာမတွေက ကျောင်းရှေ့မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

မတ်လ ၂၂ ရက်နေ့ ကစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြကြတဲ့ CDM ဆရာ ဆရာမများ သပိတ်စစ်ကြောင်းကို ရဲနဲ့စစ်တပ်က ဖြိုခွဲခဲ့ပါတယ်။

အာဏာသိမ်းစစ်အုပ်စုက ဆရာဆရာမတွေကို စာသင်ခန်းတွေ ပြန်လည်ဝင်ရောက်ဖို့ CDM မလုပ်ကြဖို့ ဖိအားပေးခိုင်းစေတာတွေရှိပေမဲ့ ထီးချိုင့်မြို့က ဆရာတရာမတွေကတော့ CDM ကိုအဆုံးထိ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်း စစ်ကောင်စီက ခန့်အပ်တဲ့ ဆရာ ဆရာမတွေကိုလည်း လက်ခံသွားမှာမဟုတ်ဘူးလို့ဆို ပါတယ်။

2 months Ago

July 26, 2020

ကသာ၊ ထီးချိုင့်မြို့နယ်တို့တွင် လယ်ယာမြေနှင့်နေအိမ်များ ရေနစ်မြုပ်နေ (ဓာတ်ပုံ)

စစ်ကိုင်းတိုင်း ကသာ၊ ထီးချိုင့်မြို့နယ်တို့မှာ ဧရာဝတီမြစ်ရေ မြင့်တက်နေပြီး အနိမ့်ပိုင်း ရေဝင်ရာအရပ်က လယ်ယာမြေတွေ၊ လူနေအိမ်တွေလည်း ရေနစ်မြုပ်နေကာ လူနဲ့ ကျွဲ၊ နွား တိရစ္ဆာန်တွေ ရေလွတ်ရာကို ပြောင်းရွှေ့နေကြရပါတယ်။
10 months Ago
More News
Up