ထိုင်းမူးယစ်ဂိုဏ်း

September 23, 2021

ထိုင်းမူးယစ်ဂိုဏ်းထံမှာ ဘတ်သန်းပေါင်း ၆၀ ခန့် သိမ်းဆည်းရမိ

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း အီဆန်ဒေသ၊ အလယ်ပိုင်းနဲ့ မြောက်ပိုင်းတာ့ခ်ခရိုင်တွေမှာ အခြေပြုပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးနေသူတွေရဲ့  ပိုင်ဆိုင်မှု စုစုပေါင်း ဘတ်သန်း ၆၀ နီးပါးကို  တရားရေးဝန်ကြီးဌာန၊ မူးယစ်ရဲတပ်ဖွဲ့နဲ့ အထူးမှုခင်းစစ်ဆေးရေးဌာန တာဝန်ရှိသူတွေ ပူးပေါင်းပြီး စက်တင်ဘာ ၂၂ ရက်နေ့မှာ သွားရောက်ဖမ်းဆီးသိမ်းလိုက်ပါတယ်။

တာ့ခ်ခရိုင် မဲဆောက်မြို့လယ်ခေါင်ရှိ စိန်ရွှေရတနာရောင်းဝယ်ရေးကုမ္ပဏီနဲ့ ဆက်နွှယ်သူတွေကို အထူစုံစမ်းစစ်ဆေးရေးဌာနက ၉ နှစ်ကြာ စောင့်ကြည့်နေခဲ့ရာမှာ သာမန်ထက်ပိုတဲ့ ငွေ ကြေးပမာဏတွေ ရယူလွှဲပြောင်းနေတာတွေရှိကြောင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေနဲ့ ပတ်သ က်မှုရှိပြီး ၉ နှစ်အတွင်း ငွေကြေးလည်ပတ်မှုမှာ ဘတ်သန်းပေါင်း ၂၅၀၀ ကျော်တယ်လို့  ထိုင်း တရားရေးဝန်ကြီးဌာန အတွင်းရေးမှူး ဗိုလ်မှူးထနကလစ် ကျစ်အာရီရတ်က  သတင်းထောက်တွေကို ပြောပါတယ်။

မူးယစ်ဂိုဏ်းနဲ့ ဆက်စပ်ကြောင်း ခိုင်လုံတဲ့သက်သေအထောက်အထား၊ မဲဆောက်မြို့နယ်တ ရားရုံးက ဝရမ်းစာနဲ့အတူ   မနေ့က အဆိုပါကုမ္ပဏီကိုသွားရောက်ပြီး   ဘတ်သန်းပေါင်း ၄၃ ဒဿမ ၈၅ သန်းတန်ဘိုးရှိ ကွန်ဒိုတိုက်ခန်း၊ မြေဂရမ်၊ မော်တော်ကား ၊ ဘဏ်စာရင်းစာအုပ်၊ လက်ဝတ်ရတနာတွေကို ထိန်းသိမ်းလိုက်တယ်လို့ဆိုပါတယ်။

တနေ့တည်းမှာပဲ ထိုင်းအရှေ့မြောက် အီဆန်ဒေသ၊ ထိုင်းအလယ်ပိုင်း ဘန်ကောက်နဲ့ မြောက်ပိုင်းတာ့ခ်ခရိုင်တွေမှာ မူးယစ်ဆေးဝါးအချီကြီး ရောင်းဝယ်ဖြန့်ချိနေသူ နိုင်းချိတ်ချိုင်း ခုန်းဖူးကို ဘန်ကောက်အနီး နခွန်းပထုံခရိုင် ဆာမ်ဖလမ်းမြို့နယ်ထဲမှာ ဖမ်းဆီးရမိခဲ့တယ်လို့ တာဝန်ရှိ သူ တွေက ပြောပါတယ်။ 

ဒီမတိုင်ခင် မနှစ် ဇူလိုင်လနဲ့ အောက်တိုဘာလအတွင်း နိုင်းခုန်းဖူးနဲ့လုပ်ဖော်ကိုင်ဘက် ထိုင်းအမျိုးသမီး ၁ ဦး၊ အမျိုးသား ၁ ဦးနဲ့ လာအိုနိုင်ငံသား ၁ ဦးတို့ကို ဖမ်းမိခဲ့ပြီးဖြစ်ပါတယ်၊ မနေ့က ပိုင်ဆိုင်မှုသိမ်းဆည်းတဲ့အထဲမှာ ဘဏ်ငွေစာရင်းစာအုပ်၊ မော်တော်ကား ၊ မြေဂရန်နဲ့ တခြားလက်ဝက်ရတနာတွေအပါ တန်ဖိုး စုစုပေါင်း ဘတ် ၁၅ သန်းကို သိမ်းဆည်းခဲ့ကြောင်း ၊ ဒါကြောင့် ဒီတစ်ကြိမ် မူးယစ်ဂိုဏ်းကနေ ဘတ်သန်းပေါင်း ၅၈ ဒသမ ၈၅ သန်း ( သန်း ၆၀ နီးပါး ) သိမ်းဆည်းခဲ့တယ်လို့   ဗိုလ်မှူးထနကလစ်က ပြောပါတယ်။ ကိုးကား - https://www.thaich8.com/

2 months Ago
Up