ထိုင်းနိုင်ငံသား

April 1, 2021

မြန်မာနိုင်ငံထဲက ထိုင်းနိုင်ငံသားများကို ကယ်ထုတ်ရန် ထိုင်းလေတပ် ပြင်ဆင်ထား

မြန်မာနိုင်ငံမှာ အခြေအနေက အကြမ်းဖက်မှုအဆင့် ပိုမြင့်လာခဲ့ရင် မြန်မာပြည်ရောက်  ထိုင်းနိုင်ငံသားတွေကို ကယ်ထုတ်ဖို့ ထိုင်း လေတပ်က C-130 သယ်ယူပို့ဆောင်ရေး လေယာဉ်တွေကို ပြင်ဆင်ထားတယ်လို့ ထိုင်းအခြေစိုက် PBS သတင်းဌာနက မတ်လ ၃၁ ရက်မှာ သတင်းထုတ်ပါတယ်။ 

မြန်မာနိုင်ငံထဲက အကြမ်းဖက်မှု အခြေအနေအပေါ် မူတည်ပြီး ဒီအစီအစဉ်ကို ပြင်ဆင်ဖို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်သ် ချန်အိုချာက စစ်တပ်ကို အမိန့်ပေးနိုင်ရေး အစီရင်ခံထားတယ်လို့ ဆိုပါတယ်။ 

တကယ်လို့ ထိုင်းနိုင်ငံသားတွေကို မြန်မာနိုင်ငံထဲကနေ ကယ်ထုတ်ဖို့ လိုအပ်ခဲ့ရင် ချက်ချင်း ဆောင်ရွက်နိုင်ဖို့ ထိုင်းလေတပ်ဟာ ကယ်ဆယ်ရေးအတွက် လေ့ကျင့်နေခဲ့တာပါ။ အမိန့်ရတာနဲ့ ချက်ချင်း ထိုင်းနိုင်ငံသားတွေကို ကယ်ဖို့ ခရီးထွက်နိုင်ရေး အတွက် C-130 အမျိုးအစား လေယာဉ် ၈စီးကို အဆင်သင့် ပြင်ဆင်ထားတယ်လို့ ထိုင်း PBS က ပြောပါတယ်။

အခြေအနေတွေကိုလည်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစစ်သံမှူးက အကြီးအကဲတွေဆီ အစီရင်ခံပြီးပြီလို့ ဆိုပါတယ်။ 

ရန်ကုန်မြို့မှာ ရှိနေတဲ့ ထိုင်းနိုင်ငံသား အယောက် ၈၀၀ လောက်ကလည်း ထိုင်းနိုင်ငံကို ပြန်ဖို့ သူတို့ဆန္ဒကို အကြောင်းမကြားကြသေးဘူးလို့ ဆိုပါတယ်။ 

2 months Ago

February 18, 2021

မြဝတီကာစီနိုရုံမှ ခိုးပြန်သည့် ထိုင်းနိုင်ငံသား ၁၃ ဦးကို ကင်းလှည့်တပ်ဖွဲ့ ဖမ်းဆီး

မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံထဲ တရားမဝင် ခိုးဝင်လာခဲ့တဲ့ ထိုင်းနိုင်ငံသား ၁၃ ဦးကို ကင်းလှည့်တပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

သူတို့ဟာ ထိုင်းနိုင်ငံတဖက်ကမ်း မြဝတီမြို့က ကာစီနိုလောင်းကစားရုံတခုမှာ အလုပ်လုပ်နေကြသူတွေဖြစ်ကြပြီး အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၂ ဦးပါဝင်တယ်လို့ ဆိုပါ တယ်။

ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်းမှာတော့ နယ်စပ်ကနေ ထိုင်းနိုင်ငံထဲ တရား မဝင်ဖြတ်ကျော်ဝင်ရောက်ချိန် မဲဆောက်ခရိုင်ထဲက ကြံစိုက်ခင်းတခုထဲမှာ ကင်းလှည့်တပ်ဖွဲ့က ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၁၇၅ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ဒေသတွင်းကူးစက်မှု ၁၆၈ ဦးနဲ့ ၇ ဦးကတော့ ပြည်ပပြန်ကူးစက်မှုတွေ ဖြစ်ကာ စုစုပေါင်းရောဂါကူးစက်ခံရသူအရေအတွက် ၂၄,၉၆၁ ဦးထိ ရှိလာခဲ့ပြီလို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

          တရားမတင် ခိုးဝင်ခဲ့သူတွေက သူတို့ဟာ ထိုင်း-မြန်မာနပ်စပ် မိုအီမြစ်ကို ဖြတ် ကျော်ခဲ့ကြပြီး တဖက်ကမ်းမှာ သူတို့ကို ရွာတွေဆီ ပို့ဆောင်ပေးမယ့် မော်တော်ဆိုင်ကယ်တွေကို စောင့်ဆိုင်းနေခဲ့ကြတာလို့ ပြောပါတယ်။

          လက်ရှိမှာတော့ သူတို့ကို ဖူအင်းကွာရန်တင်းစင်တာကို ပို့ဆောင်ထားခဲ့ပြီး ဉပဒေ ကြောင်းအရ တရားစွဲဆိုမှုတွေရင်ဆိုင်သွားရမယ်လို့ ရဲတွေက ပြောပါတယ်။

3 months Ago
More News
Up