ထိုင်သပိတ်ဆင်နွှဲ

March 5, 2021

ရွှေပြည်သာမြို့နယ်တွင် ပြည်သူ ၅၀၀၀ ဝန်းကျင် ထိုင်သပိတ်ဆင်နွှဲ

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ထန်းခြောက်ပင်လမ်းဆုံအနီး အလုပ်သမား၊ ကျောင်းသား လူငယ်၊ ၀န်ထမ်းအသီးသီးနဲ့ ပြည်သူတွေ စုပေါင်းပြီး ထိုင်သပိတ် ပြုလုပ်ကြပါတယ်။

ဆန္ဒပြလူအင်အား ၅၀၀၀ ၀န်းကျင်ရှိပြီး ထမ်းခြောက်ပင်လမ်းဆုံအနီး ပြည်သူတွေက အရံအတား လုပ်ထားပြီး ထိုင်သပိတ် ဆင်နွှဲနေကြတာပါ။ 

ရဲနဲ့စစ်တပ်က မြို့နယ် ထွေအုပ်ရုံးအနီး အထက (၁) စာသင်ကျောင်း၀န်းအတွင်း စစ်ကား ၄ စီးနဲ့ ၀င်ရောက်နေရာယူထားပါတယ်။

သူနာပြု၀တ်စုံနဲ့ လူ ၄/၅ ဦးလောက်လည်း ကျောင်းဝင်းအထဲမှာ‌ တွေ့ရပါတယ်။

4 months Ago

February 11, 2021

ဖြူးမြို့တွင်းလမ်းအချို့ ပိတ်ထားသဖြင့် အင်အားသိန်းချီ ထိုင်သပိတ်ဆင်နွှဲ

ပဲခူးတိုင်း ဖြူးမြို့မှာ ဒီနေ့ လုံခြုံရေးတွေနဲ့ မြို့အတွင်း လမ်းအချို့ကို ပိတ်ထားခဲ့တာကြောင့်  စစ်အာဏာရှင်အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြပွဲကို ထိုင်သပိတ် ဆင်နွှဲနေပါတယ်။

ဆန္ဒပြပွဲမှာ ဌာနဆိုင်ရာအများစု ပူးပေါင်းပါဝင်လာကြပြီးရဲ တပ်ဖွဲဝင်နဲ့ ဌာနအငယ်သာ မပူပေါင်းဘဲ ကျန်ရှိတော့တယ်လို့ ဆန္ဒပြခေါင်းဆောင်တစ်ဦးက ​ပြောပါတယ်။

ဒီနေ့ထိုင်သပိတ်တိုက်ပွဲကို ဖြူးမြို့မစျေးရှေ့မှာ လုပ်ဆောင်နေတာဖြစ်ပြီး လူပေါင်း သိန်းချီ ပါဝင်တယ်လို့ ဆိုပါတယ်။

ကျော်အောင်

4 months Ago
More News
Up