ထိုင်သပိတ်

March 19, 2021

မိုးကုတ်တွင် လူမဲ့သပိတ်၊ ထိုင်သပိတ်နှင့် လှည့်လည်သပိတ်များ ဆက်လက်ပြုလုပ်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ မတ်လ ၁၉ ရက်နေ့က လူမဲ့သပိတ်၊ ထိုင်သပိတ်နဲ့ ရပ်ကွက်အလိုက် လှည့်လည်သပိတ်တွေကို ဒေသခံပြည်သူတွက  ရက်ပေါင်း ၄၁ ရက်တိုင် ဆက်လက်ဆန္ဒပြနေကြပါတယ်။

ပင်မသပိတ်တွေကို ရဲနဲ့စစ်တပ်က အင်အားသုံးဖြိုခွဲဖမ်းဆီးတာကြောင့် ရပ်ကွက်အလိုက် ဆန္ဒပြနေကြတာပါ။

မိုးကုတ်မြို့သူမြို့သားတွေဟာ တခြားမြို့က ပြည်သူလူထုတွေနဲ့ အတူတူရှိနေကြောင်း သိစေချင်တာကြောင့် နေ့စဉ် လှည့်လည်ဆန္ဒပြနေတာလို့ ဒေသခံတဦးကပြောပါတယ်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ​ပြည်သူအင်အားထောင်နဲ့ချီ ရပ်ကွက်အလိုက် ထိုင်သပိတ်နဲ့ လှည့်လည်ဆန္ဒပြနေကြတာလည်း ဖြစ်ပါတယ်။

2 months Ago

March 17, 2021

ပစ်ခတ်မှုများကြားက မိုးကုတ်တွင် ထိုင်သပိတ်နှင့် ပြောက်ကျားသပိတ် ဆက်လက်ပြုလုပ်

DVB

မန္တလေးတိုင်း ဒေသကြီးမိုးကုတ်မြို့မှာ မတ်လ ၁၇ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူတွေဟာ ထိုင်သပိတ်နဲ့ ရပ်ကွက်အလိုက် ပြောက်ကျားသပိတ်ကို ရဲနဲ့စစ်သားတွေ အကြမ်းဖက်ဖြိုခွင်းမှုတွေရှိနေပေမယ့် အောင်မြင်စွာပြုလူပ်ဆန္ဒပြခဲ့ပါတယ်။

အကြမ်းဖက်လက်နက်ကိုင် ရဲနဲ့စစ်သားတွေက ရပ်ကွက်ထဲထိ လိုက်လံပစ်ခတ်ကာ ပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို ယူတာကြောင့် မိုးကုတ်ရပ်ကွက်လမ်းတွေမှာ ပြည်သူတွေက ပိတ်ဆို့တားဆီးထားကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မတ် ၁၆ ရက်နေ့ညက ရဲတွေဟာ ရပ်ကွက်ထဲထိ ဝင်ရောက်ပစ်ခတ်တာကြောင့် အမျိုးသား ၁ ဦး ပေါင်ကို ကျည်အစစ် ထိမှန်ခဲ့တယ်လို့ လူမှုကူညီရေးအသင်းတခုက သိရပါတယ်။

2 months Ago
More News
Up