ထိုင်ဝမ်

June 6, 2021

အမေရိကန်က ထိုင်ဝမ်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးဆေးအလုံးရေ ၇ သိန်းခွဲလှူမည်

ထိုင်ဝမ်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးဆေး အလုံးရေ ၇ သိန်းခွဲ လှူဒါန်းဖို့ အစီအစဉ်အတွက် ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်ဟာ အမေရိကန် အစိုးရကို ကျေးဇူးတင်ကြောင်း ဇွန် ၆ ရက်မှာ ပြောပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ် တမ်မီ ဒါ့ခ်ဝါ့သ်၊ ဒန်ဆူလေဗန်နဲ့ ခရစ္စတိုဖာ ကွန်းစ်တို့ ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်နဲ့ လေဆိပ်မှာ တွေ့ဆုံချိန်မှာ ခုလို ပြောလိုက်တာပါ။ 

ဒါဟာ အမေရိကန်ရဲ့ တကမ္ဘာလုံးနဲ့ ထိုးဆေးမျှဝေရေးအစီအစဉ် အစိတ်အပိုင်းလည်းဖြစ်ပြီး ကာကွယ်ဆေး ထိုးပေးဖို့ အများကြီး လိုအပ်နေတဲ့ ထိုင်ဝမ်ကျွန်းအတွက် ကပ်ရောဂါ တိုက်ဖျက်ရေး အားပေးဖို့ ကမ်းလှမ်းခဲ့တာလည်း ဖြစ်ပါတယ်။

ထိုင်ဝမ်မှာ လူဦးရေ ၂၃ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေး ထိုးပြီးသူဟာ လူဦးရေရဲ့ ၃ ရာခိုင်နှုန်းသာ ရှိပါသေးတယ်။ အများစုကလည်း ထိုးဆေး ၂ လုံးမှာ ပထမတလုံးကိုသာ ထိုးရသေးတာဖြစ်ပြီး ပြည်တွင်းကူးစက်မှုကိုလည်း ရင်ဆိုင်နေရပါတယ်။

ကိုယ်တိုင်အုပ်ချုပ်တဲ့ ထိုင်ဝမ်ကို နိုင်ငံတကာက ကာကွယ်ဆေး မရောင်းပေးဖို့ တရုတ်အစိုးရက ပိတ်ဆို့နိုင်ရေး ကြိုးစားနေတယ်လို့ ထိုင်ဝမ်က အခိုင်အမာပြောထားပြီး တရုတ်ကတော့ ထိုင်ဝမ်ရဲ့ စွဲချက်ကို ငြင်းထားပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကို တရုတ်ပိုင် သင်းကွဲပြည်နယ်အဖြစ် ရှုမြင်ထားပြီး စစ်ရေးနဲ့ ပြန်သိမ်းပိုက်တာကိုတော့ မလုပ်ခဲ့ဖူးသေးပါဘူး။

2 weeks Ago

February 19, 2021

မြန်မာမှ ထွက်ခွာမည့် ထိုင်ဝမ်နိုင်ငံသားများအတွက် ကယ်ဆယ်ရေးလေယာဉ် အချိန်ပြောင်းလဲ

မြန်မာနိုင်ငံကနေ ထွက်ခွာမယ့် ထိုင်ဝမ်နိုင်ငံသားတွေအတွက် ကယ်ဆယ်ရေး လေယာဉ်ကို လတ်တလောမှာတော့ အချိန်တွေ ပြောင်းလဲလိုက်ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကစတင်ကာ စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ မငြိမ်မသက်မှုတွေနဲ့ လူထုဆန္ဒပြပွဲတွေ မြို့ရွာအနှံ့ ဖြစ်နေခဲ့တာပါ။

ထိုင်ဝမ်နိုင်ငံသားတွေ လိုက်ပါကြမယ့် ချိုင်းနားအဲလိုင်းကို မူလက လာမယ့် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ထွက်နိုင်ဖို့ စီစဉ်ထားခဲ့ပေမယ့် လတ်တလောမှာတော့ ဖေဖော်ဝါ ရီ ၂၁၊ မတ် ၁၄ နဲ့ ၂၈ ရက်တွေမှာ ပြန်လည်ပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ထိုင်ဝမ်နိုင်ငံသား ၁,၀၀၀ ဝန်းကျင်ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီထဲကမှ ဦးရေ ၂၇၀ လောက်ကတော့ မြန်မာပြည်တွင်းမှာ အရောင်းဆိုင်ဖွင့် လှစ်ထားတဲ့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

4 months Ago
More News
Up