ထိုင်းတောင်ပိုင်းတွင်

December 5, 2018

ထိုင်းတောင်ပိုင်းတွင်  မြန်မာမိန်းကလေး ၁ ဦး အသတ်ခံရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ တရန်းခရိုင်၊ ကတန်မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်ညက  အသက် ၁၉နှစ်အရွယ် မြန်မာမိန်းကလေး တဦး အသတ်ခံခဲ့ရပါတယ်။ အဆိုပါ မိန်းကလေးဟာ မနန္ဒအောင် ဆိုသူဖြစ်ပြီး ခင်ပွန်းဖြစ်သူ ရေလုပ်သားက ငါးဖမ်းလှေနဲ့ လိုက်သွားလို့ အခန်းထဲမှာ တယောက်တည်းကျန်ခဲ့စဉ် အသတ်ခံရတာလို့  ကတန်န ယ်မြေရဲစခန်း တာဝန်ကျရဲဝန်ထမ်းက ဒီဗွီဘီကို ပြောပါတယ်။ “မိန်းကလေး အသတ်ခံရတဲ့ အကြောင်းကြားချက်ကို မနေ့မနက်စောစောက  ရရှိတယ်။ ဒါပေမယ့် ၃ ရက်နေ့ ညကတည်းက သေဆုံးတယ်လို့ ခန့်မှန်းရတယ်။ လည်ပင်းမှာ ဓားနဲ့ ထိုးသွင်း ခံရတဲ့ ဒဏ်ရာတွေနဲ့ ဆုံးတာပါ၊ အလောင်းက ကတန်မြို့ စည်ပင်သာယာနယ်မြေထဲက သူတို့ အိမ်ခန်းထဲမှာဘဲ၊  မုဒိမ်းကျင့်မှုမြောက်မမြောက်တော့ ဆေးရုံကစစ်ဆေးတုန်းဘဲ၊ မျက်မြင်သက်ေ သတွေ ပြောပြချက်အရ တရားခံလို့ ယူဆရတဲ့ လူတယောက်ကိုလည်း မနေ့က ဖမ်းထားပါတယ်။ သူလည်း ထွက်မပြေးဘဲ အဲဒီရပ်ကွက်ထဲမှာပဲ ရှိနေတာ။” လူသတ်မှုသံသယနဲ့ ဖမ်းဆီးခံထားရသူမှာ အသက် ၂၈ နှစ်ရှိ မြန်မာအလုပ်သမား  မြ၀င်း ခေါ် ကုလားဖြစ်တယ်လို့ ကတန်ရဲစခန်းက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သေဆုံးသူ မိန်းကလေးရဲ့ ခင်ပွန်း ကိုထက်မြက်က သူဟာ လွန်ခဲ့တဲ့ ၇ ရက်လောက်က ငါးဖမ်းလှေပေါ်လိုက်သွားပြီး ဇနီးကို ဆက်သွယ်လို့ မရလို့ သူငယ်ချင်းကို သွားကြည့်ခိုင်းရာမှာ ဇနီးသည် အသတ်ခံရတယ်လို့ ပြောလို့လှေဆိုက်တာနဲ့ ချက်ချင်း အိမ်ပြန်ခဲ့တာလို့ ဒီဗွီဘီကိုပြောပါတယ်။ “မနေ့မနက်က ကျနော်အိမ်ပြန်ရောက်တော့ ရဲတွေရောက်နေပြီး အခင်းဖြစ်တဲ့နေရာကို ကြိုးတွေနဲ့ တားထားပြီခင်ဗျ။ အလောင်းကိုကြည့်ခွင့်ရတဲ့ အခါကျတော့ လည်ပင်းလှီးထားတာ ပြတ်လုနီးပါးပဲ။ တကိုယ်လုံးလည်းဓားခြစ်ရာတွေနဲ့ တော်တော်ရက်ရက်စက်စက်လုပ်ထားတာ။ ရဲကဖမ်းထားတဲ့တယောက်ကလည်း အရင်က အိမ်ကိုအမြဲဝင်ထွက်သွားလာတယ်။ သူသော က်စားပြီးသွားရင် ဘယ်သူ့မှမမြင်တော့ဘူး။  ကျနော့်မိန်းမကို သတ်တာတော့ သူတယောက်တည်း လို့ မထင်ဘူး။ သူတယောက်တည်းမလုပ်နိုင်ဘူး။ နောက်ထပ်ရှိဦးမယ်လို့ထင်တယ်။ ကျနော်တို့ ရန်ငြိုးရန်စမရှိခဲ့ပါဘူး။ ဘာကြောင့် ဒီလိုလုပ်ရတယ်ဆိုတာကိုလည်း စဉ်းစားလို့ကိုမရဘူး” သေဆုံးသူမိန်းကလေးဟာ ထားဝယ်မြို့နယ် ဆင်ဖြူပြင်ရွာကဖြစ်ပြီး ငါးရွေးတဲ့ အလုပ် လုပ်ကိုင်နေတာဖြစ်ပါတယ်။  အဖမ်းခံထားရတဲ့ မြ၀င်းကတော့ ရေလုပ်သားတစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်ဘက်က ဖြစ်ပါတယ်။ သေဆုံးသူ မနန္ဒာအောင်ကို မနက်ဖြန်မှာ သဂြုင်္ိဟ်ဖို့ရှိပြီး အမှုမှန်ပေါ်ပေါက်ဖို့နဲ့ တရားခံကို ထိုက်တန်စွာအရေးယူ အပြစ်ပေးဖို့ မိသားစုဝင်တွေက လိုလားနေပါတယ်။ လူသတ်မှုနဲ့ ဖမ်းဆီးခံထားရသူကတော့ လက်ရှိ အပြစ်ကိုဝန်မခံဘဲ ငြင်းဆန်နေကြောင်း၊ ကျန်ရစ်သူ ဆွေမျိုးသားချင်းတွေကလည်း ထိုင်းရဲတွေနဲ့ တိုက်ရိုက်ဆက်သွယ် ပြောဆိုရာမှာ ဘာသာစကားအခက်အခဲရှိလို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်အဖွဲ့ကို အကူအညီ တောင်းခံထားတယ်လို့ ကွန်ရက်အဖွဲ့ဝင် ဦးသိန်းထွန်းက ပြောပါတယ်။
3 years Ago

February 3, 2018

ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သား ၁ ဦး ဆောက်လုပ်ရေးငြမ်းစင် ပြုတ်ကျသေဆုံး

ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင် ချွန်းဖွန်းမြို့ ဘန်မတ်အုပ်စု ရက်ကွက် ၁ ထဲမှာဒီကနေ့ မနက်ပိုင်းက မြန်မာအလုပ်သမားတစ်ဦး ဆောက်လုပ်ရေးလုပ်ငန်းခွင် မတော်တဆ ထိခိုက်မှုဖြစ်ပြီး သေဆုံးသွားပါတယ်။ သေဆုံးသူမှာ အသက် ၂၄ နှစ်ရွယ်ရှိ ကိုဇော်ဇော်အောင်ဆိုသူ BCDC ဆောက်လုပ်ရေး ကုမ္ပဏီက အလုပ်သမားတဦးဖြစ်ပြီး ဖေဖော်ဝရီ ၂ရက် မနက် ၁၀ နာရီကျော်က ဆောက်လက်စတိုက်ရဲ့ ငြမ်းစင်ပေါ်ကနေပြုတ်ကျခဲ့တာလို့ အလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ ( ယာယီဖျက်သိမ်း ) ဒါရိုက်တာ ဦးခိုင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။ “ချွန်းဖွန်းမှာ မြန်မာအလုပ်သမားတယောက် တိုက်ပေါ်က သံငြမ်းပေါ်ကနေ ပြုတ်ကျ တယ်လို့  သူ့အသိတယောက်က ကျနော်တို့ဆီကို လှမ်းအကြောင်းကြားလာပါတယ်ခင်ဗျ၊   သူက အမ်အိုယူ လက်မှတ်နဲ့လာတော့ အရင်ဆုံး သူ့ကိုလွှတ်လိုက်တဲ့ အလုပ်သမား အေဂျင်စီကို ဆက်သွယ်တာမရလို့တဲ့။ ကျနော်တို့လည်း  မြန်မာသံရုံးက အလုပ်သမား အရာရှိကို ဆက်ပြီးအကြောင်းကြားပေးတယ်။ သံရုံးကနေ အေဂျင်စီကို ဆက်ပေးမယ်လို့ ပြောတယ်။  သေဆုံးသူ မိဘဆွေမျိုးတွေ အကြောင်းကြားဖို့နဲ့  လုပ်ငန်းခွင်မတော်တဆ ထိခိုက်သေဆုံးမှု နစ်နာကြေးတွေ ရဖို့ပေါ့။” ထိုင်းနိုင်ငံ အလုပ်သမားဥပဒေအရ အလုပ်သမားတဦးဟာ အခုလို လုပ်ငန်းခွင်မှာ မတော်တဆလုပ်ကိုင်ရင်း သေဆုံးသွားရင် နစ်နာကြေးအနေနဲ့ လူမှုရေးအာမခံဌာနကနေ ဘတ် ၄ သိန်း ရရှိမှာဖြစ်ပါတယ်။ သေဆုံးသူ ကိုဇော်ဇော်အောင်မှာ ပဲခူးတိုင်း က၀မြို့နယ် ကဓာတ်စိန်ကျေးရွာက ဦးရွှေဝင်း နဲ့ ဒေါ်မြင့်မြင့်ခင်တို့ရဲ့ သားဖြစ်ပြီး  သတင်းကြားသိတယ်ဆိုရင် အေအေစီမဟာမိတ်အဖွဲ့ ဖုန်းနံပါတ် + ၆၆ ၈၅ ၃၄၁ ၅၆၁၁ သို့ ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။
3 years Ago
Up