ထိပ်တန်းတိုက်စစ်မှူး

February 27, 2020

အူဘာမီယန်းကို ထိပ်တန်းတိုက်စစ်မှူးအဖြစ် သတ်မှတ်သင့်ဟု  ဂရယ်နဗီးလ်ပြော 

အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းတိုက်စစ်မှူးတဦးအဖြစ် သတ်မှတ်ရတော့မှာ ဖြစ်တယ်လို့ ယူနိုက်တက်‌အသင်း ခေါင်း‌ဆောင်ဟောင်း ဂရယ်နဗီးလ်က ပြောပါတယ်။  အူဘာမီယန်းဟာ ပရီးမီးယားလိဂ်မှာ ၁၂၃ မိနစ်ကြာတိုင်း ၁ ဂိုး သွင်းယူနိုင်သူ ဖြစ်လာပြီး ထိပ်တန်းဂိုးသွင်းရှင် ဖြစ်လာခဲ့ပါတယ်။  အသက် ၃၀ အရွယ် တိုက်စစ်မှုးအတွက် စတုတ္ထမြောက် မိနစ်အလိုက် သွင်းဂိုးအများဆုံး တိုက်စစ်မှူးလည်း ဖြစ်လာခဲ့ပါတယ်။  အူဘာမီယန်းဟာ ၂၀၁၇ ခုနှစ်က အာဆင်နယ်အသင်းကို စတင်ရောက်ရှိလာခဲ့ပြီးတော့ ၉၅ ပွဲ ကစားပြီး သွင်းဂိုး ၆၀ အထိ ရရှိထားပါတယ်။
1 year Ago
Up