ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်း

April 7, 2021

ထားဝယ် တပ်ပေါင်းစုသပိတ်စစ်ကြောင်း ရဲနှင့်စစ်တပ်က ပစ်ခတ်ဖြိုခွင်း

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဧပြီ ၇ ရက်မွန်းလွဲပိုင်းက  တပ်ပေါင်းစုသပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်အုပ်စုက ကျည်အစစ်တွေ သုံးပြီး မိုးပေါ်ထောင်ပစ်ကာ သပိတ်စစ်ကြောင်းကို ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။ 

ပုံကျွန်း၊ ပိန္နဲတော၊ အိုးလုပ် စတဲ့ရပ်ကွက်တွေမှာ သပိတ်မှောက်ချီတက်ခဲ့ကြပြီး နိဗ္ဗာန်လမ်းပေါ်အရော‌က်မှာ ဥတ္တံတားကြီးကနေ အကြမ်းဖက်စစ်တပ်က ဖြိုခွင်းခဲ့တာဖြစ်ပေမယ့် သပိတ်စစ်ကြောင်းဟာ ပြိုကွဲမှုမရှိဘဲ စုရပ်ကို ဆက်လက်ချီတက်ကာ အောင်မြင်စွာလူစုခွဲနိုင်ခဲ့ပါတယ်။

Photo - CJ/ MPA

4 weeks Ago
Up