ထားရှိ

May 14, 2020

စင်ကာပူတွင် နှာခေါင်းစည်း Mask အရောင်းစက်များ ထားရှိပေးမည် 

စင်္ကာပူနိုင်ငံမှာ ပြည်သူတွေအနေနဲ့ နှာခေါင်းစည်းတွေကို အရောင်းစက်တွေကနေ  မကြာခင်မှာ ဝယ်ယူအသုံးပြုနိုင် တော့မှာပါ။  ဗွီဒီယိုဂိမ်း ဟာ့ဒ်ဝဲလ် ထုတ်လုပ်သူ Razer  ကုမ္ပဏီက  သူရဲ့ ပြည်တွင်းဖြစ်  နှာခေါင်းစည်းတွေကို    နိုင်ငံတဝန်း အရောင်းစက်တွေကနေ ဖြန့်ဝေသွားမယ်လို့  မေလ ၁၂  ရက်မှာ ပြောဆိုလိုက်ပါတယ်။    စင်္ကာပူရဲ့ကုမ္ပဏီ အတော်များများရှိတဲ့နေရာမှာ  ဇွန်လ  ၁  ရက်ကျရင် နှာခေါင်းစည်း အရောင်းစက်ပေါင်း  ၂၀ လောက် ကနဦး ထားရှိသွားမယ်လို့  ကုမ္ပဏီက ပြောဆိုပါတယ်။ အဲဒီရက်မှာ နိုင်ငံတဝန်း ကိုရိုနာဗိုင်းရပ်စ် တားဆီးရေး အစီအမံတွေကို  ရုပ်သိမ်းမှာ ဖြစ်ပြီး အခုဆိုရင်  စင်္ကာပူနိုင်ငံက လူအများသွားလာရာ နေရာတွေမှာ   နှာခေါင်းစည်း မတပ်  မနေရ ဖြစ်လာပါတယ်။ Razer ကုမ္ပဏီက စင်္ကာပူနိုင်ငံသားတွေနဲ့  နေထိုင်သူတွေကို  ကနဦးအနေနဲ့ နှာခေါင်းစည်း ၅ သန်း အခမဲ့  ဖြန့်ဝေသွားပြီး နောက်ပိုင်း ရောင်းချသွားမယ်လို့ ဆိုပါတယ်။  နှာခေါင်းစည်း တွေကို ဘယ်လောက်နှုန်းနဲ့ ရောင်းချမလဲဆိုတာကိုတော့ ကုမ္ပဏီက မ ပြောခဲ့ပါဘူး။  စင်္ကာပူနိုင်ငံမှာ  ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၂၃,၀၀၀ ကျော် ရှိနေပြီး   သေဆုံးသူ အယောက် ၂၀  ရှိတယ်လို့  ရိုက်တာသတင်းအရ သိရပါတယ်။
12 months Ago

May 7, 2020

မက္ကဆီကို ကျန်းမာရေးဝန်ထမ်း ၁၀၀ ကို သမ္မတ အိမ်တော်ဟောင်းတွင် ထားရှိမည်

မက္ကဆီကိုနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို စောင့်ရှောက်ပေးတဲ့ ကျန်းမာရေးဝန်ထမ်း အယောက် ၁၀၀ ကို သမ္မတ အိမ်တော်ဟောင်းမှာ ထားရှိသွားမယ်လို့ သိရပါတယ်။ လို့စ်ပီနော့စ် အိမ်တော်မှာ  တည်းခိုမယ့် ဆရာဝန်နဲ့ သူနာပြုတွေဟာ အစားအစာ၊  ပင်းမင်းနဲ့ သန့်ရှင်းရေး ဝန်ဆောင်မှုတွေ  ရရှိမယ်လို့  မက္ကဆီကန် အစိုးရက ပြောကြားပါတယ်။  သမ္မတ  အိမ်တော်ဟောင်းမှာ နေထိုင်တဲ့ ကျန်းမာရေးဝန်ထမ်း  ၅၈ ယောက် ရှိပြီး အဲဒီအိမ်တော်မှာ အယောက် ၁၀၀ အထိ နေနိုင်တယ်လို့  မက္ကဆီကို လူမှုဖူလုံရေး အကြီးအကဲက ပြောဆိုပါတယ်။   အိမ်တော်မှာ တည်းခိုကြတဲ့  ဆရာဝန်တွေနဲ့   သူနာပြုတွေကို   ကိုရိုနာဗိုင်းရပ်စ် ကူးစက် မခံရစေဖို့ အိမ်တော်ကနေ  ဆေးရုံတွေကို  ဘတ်စ်ကားတွေနဲ့ ပို့ဆောင်ပေးပါတယ်။  လို့စ်ပီနော့စ် သမ္မတ အိမ်တော်ဟောင်းဟာ မက္ကဆီကို စီးတီးရဲ့ ချက်ပိုတစ်ပက်   ပန်းခြံကြီးအတွင်း တည်ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 
1 year Ago
Up