ထရီပိုလီ

June 5, 2020

ထရီပိုလီမှ နိုင်ငံတကာအသိအမှတ်ပြုတပ်များ ရုပ်သိမ်း 

လစ်ဗျားမြို့တော် ထရီပိုလီကို သိမ်းယူဖို့ ကြိုးပမ်းတဲ့ တစ်နှစ်ကြာတိုက်ပွဲအပြီးမှာတော့  ဗိုလ်ချုပ်ကြီး  ဟက်ဖ်တာဦးစီးတဲ့ အရှေ့ပိုင်းတပ်တွေဟာ  ထရီပိုလီမြို့  ဆင်ခြေဖုံးတွေကနေ  တပ်တွေကို ပြန်ရုပ်သိမ်းနေပါတယ်။ နိုင်ငံတကာအသိမှတ်ပြု အစိုးရတပ်တွေက  အခုတော့ သူတို့ဟာ မြို့နယ်နမိတ်  အားလုံးကို ပြန်ထိန်းချုပ်ထားနိုင်ပြီလို့ ဇွန်လ ၄ ရက်မှာ  ဆိုပါတယ်။ ဒါဟာ  ပြီးခဲ့တဲ့ နှစ်ကတည်းက ထရီပိုလီကို ထိုးစစ်ဆင်နေတဲ့  ဟက်ဖ်တာနဲ့ သူ့ရဲ့ (LNA) တပ်တွေအဖို့ အခြေအနေ ပြောင်းပြန်ဖြစ်သွားတဲ့ သဘောသက်ရောက်ပါတယ်။  လစ်ဗျားပဋိပက္ခမှာ ပါဝင်နေတဲ့  ပြည်ပ အင်အားကြိးနိုင်ငံတွေက  အပစ်ရပ် ဆွေးနွေးပွဲတွေ ပြန်စမယ့် ဆုံးဖြတ်ချက်ကို ကြိုဆိုကြပြီး  နိုင်ငံရေးအရ ဖြေရှင်းတာကို   ထောက်ခံတယ်လို့ လူသိရှင်ကြား ပြောဆိုကြပါတယ်။ ဒါပေမဲ့ ကာလရှည် ပြေလည်မှု  ရရေးနဲ့ ပတ်သက်လို့ သဘောတူညီချက်  မရသေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။   
11 months Ago
Up