ထရစ်ပီယာ

December 25, 2020

ထရစ်ပီယာနေရာ မိန့်လန်နိုင်းစ်နှင့် အစားထိုးရန် အက်သလက်တီကို စီစဉ်

အက်သလက်တီကိုအသင်းဟာ ထရစ်ပီယာရဲ့ နေရာအတွက် အာဆင်နယ်နောက်ခံလူ မိန့်လန်နိုင်းစ်ကို ခေါ်ယူလိုနေတယ်လို့သိရပါတယ်။  အင်္ဂလန်နောက်ခံလူ ထရစ်ပီယာဟာ လောင်းကစားဥပေဒနဲ့ပတ်သက်ပြီး ဘောလုံးလောက နဲ့ ၁၀ ပတ်ကြာ ပိတ်ပင်ခံခဲ့ရပြီး ဒဏ်ငွေပေါင်၇သောင်းလည်း တပ်ရိုက်ခံခဲ့ရတာပါ။  ဒါကြောင့် ညာနောက်ခံလူ မိန့်လန်နိုင်းစ်ကို ခေါ်ယူဖို့ အက်သလက်တီကိုအသင်းက စိတ် ဝင်စားလာခဲ့တာဖြစ်ပါတယ်။ မိန့်လန်နိုင်းစ်ဟာ အာဆင်နယ်မှာလည်း ပုံမှန်ပွဲထွက်ခွင့် မရခဲ့တာကြောင့် အာဆင်နယ် အသင်းဘက်က အငှားချ ဖို့စဉ်းစားနိုင်တယ်လို့ သိရပါတယ်။ 
5 months Ago

December 24, 2020

လောင်းကစားစည်းမျဉ်းချိုးဖောက်ခဲ့သည့် ထရစ်ပီယာကို ပြစ်ဒဏ်ချမှတ်

လောင်းကစားစည်းမျဉ်းကို ချိုးဖောက်ခဲ့တဲ့ အင်္ဂလန်နောက်ခံလူ ထရစ်ပီယာကို အက်ဖ်အေက ၁၀ ပတ် ဘောလုံးနဲ့ ပတ်သက်ခွင့် ပိတ်ပင်ခဲ့ပြီး ဒဏ်ငွေလည်းရိုက်ခဲ့ပါတယ်။  စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်မှာ ကစားနေတဲ့ ထရစ်ပီယာဟာ လောင်းကစားနဲပတ်သက်ပြီး အက်ဖ်အေ ချမှတ်ထားတဲ့ စည်းမျဉ်း ၇ ချက်ကို ချိုးဖောက်မှုနဲ့ ၂၀၁၈ ဇူလိုင်လအတွင်းက  စွဲချက်တင်ခံခဲ့ရတာပါ။  ထရစ်ပီယာရဲ့ တောင်းဆိုမှုအရ သီးသန့်စစ်ဆေးပေးခဲ့ရာမှာလည်း စွဲချက်တင်ခံရတဲ့ ၇ ချက်ထဲမှာ ၄ ချက် ကျူးလွန်ခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့တာပါတယ်။ ဒါကြောင့် ထရစ်ပီယာကို ဘောလုံး လောက နဲ့ ၁၀ ပတ်ပိတ်ပင်ခဲ့ပြီး ဒဏ်ကြေးငွေ ပေါင် ၇ သောင်း ချမှတ်ခဲ့တာပါ။  အသက် ၃၀ နှစ်ရှိ နောက်ခံလူ ထရစ်ပီယာအနေနဲ့ ဒီဇင်ဘာ ၂၃ ရက်ကနေစတင်ပြီး ပြစ်ဒဏ်ကို ကျခံခဲ့ရတာပါ။ အင်္ဂလန်အက်ဖ်အေရဲ့ စည်းမျဉ်းတွေထဲမှာ ဘောလုံးသမားတစ်ဦးက လောင်းကစားပြုလုပ်ခြင်းနဲ့ တစ်နည်းနည်းနဲ့  ပတ်သက်ခြင်းကို ခွင့်မပြုဘဲ တားမြစ်ထားတာဖြစ်ပါတယ်။ 
5 months Ago
More News
Up