တရုတ်ယူ-၁၆

February 28, 2019

အာရှ ယူ-၁၆ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲတွင် မြန်မာအသင်းက တရုတ်ကို ၅ ဂိုးပြတ်ရှုံး

အာရှ ယူ-၁၆ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲအဖြစ် ဖေဖော်ဝါရီ ၂၇ ရက်က မြန်မာယူ-၁၆ အမျိုးသမီးအသင်းနဲ့ တရုတ် ယူ-၁၆ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ရာ တရုတ်အသင်းက ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ တရုတ်အသင်းက ကမ္ဘာ့အဆင့်အသင်းဖြစ်တာကြောင့် ယှဉ်ကစားနိုင်ဖို့ ခက်ခဲခဲ့ပြီး ကစားသမားတွေအတွက် အတွေ့အကြုံကောင်းတွေ ရခဲ့တယ်လို့ မြန်မာအသင်းနည်းပြ ဒေါ်စန်းစန်းသိန်းက ပြောပါတယ်။ လက်ကျန်နှစ်ပွဲမှာ တွေ့ဆုံရမယ့် ဘင်္ဂလားဒေ့ရှ်နဲ့ ဖိလစ်ပိုင်ပွဲစဉ်တွေက အရေးကြီးတဲ့ပွဲစဉ်တွေဖြစ်ပြီး အဲဒီပွဲစဉ်တွေကို အနိုင်ကစားပြီး ခြေစစ်ပွဲအောင်မြင်ဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ မြန်မာနည်းပြက ပြောကြားခဲ့ပါတယ်။ မြန်မာယူ-၁၆ အမျိုးသမီးအသင်းဟာ လာမယ့်မတ်လ ၁ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် အသင်းနဲ့ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဆက်ပြီး ယှဉ်ပြိုင်ကစားရမှာပါ။ ဘင်္ဂလားဒေ့ရှ်အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ ဖိလစ်ပိုင်အသင်းကို ၁၀ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူထားတာဖြစ်ပါတယ်။
2 years Ago
Up