တရုတ်စူပါလိဂ်ကလပ်

July 22, 2019

ဂါရတ်ဘေးလ် တရုတ်စူပါလိဂ်သို့ ပြောင်းရွှေ့ရန် နီးစပ်

ရီးရဲလ်မက်ဒရစ်အသင်းက ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားတဲ့ တောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။ ဘေးလ်ကို ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ အသင်းနည်းပြ ဇီဒန်းကိုယ်တိုင်က ဝန်ခံပြောကြားထားပြီး အမြန်ဆုံး ရောင်းထုတ်နိုင်မယ်ဆိုရင် နှစ်ဦးနှစ်ဖက်စလုံးအတွက် ပိုပြီးအဆင်ပြေမှာ ဖြစ်တယ်လို့ ဇီဒန်းက ပြောပါတယ်။ အဲဒီလို ပြောဆိုမှုနဲ့ ပတ်သက်ပြီး ဂါရတ်ဘေးလ်ရဲ့ အေးဂျင့်ဖြစ်သူကလည်း ဇီဒန်းကို လူကြီးလူကောင်း မပီသတဲ့သူအဖြစ် ဝေဖန်ခဲ့ပါတယ်။ အသက် ၃၀ ရှိ ဂါရတ်ဘေးလ်ဟာ ဘိုင်ယန်မြူးနစ်နဲ့ ကစားခဲ့တဲ့ အင်တာနေရှင်နယ် ချန်ပီယံဖလားမှာလည်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ ဘေးလ်ဟာ အသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီး တပတ်လုပ်ခ ပေါင် ၃ သုံးခွဲအထိ ရရှိနေသူဖြစ်ပါတယ်။ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းဟာ ဘေးလ်ရဲ့ များပြားတဲ့လုပ်ခလစာကို ပေးချေဖို့ အဆင်ပြေပေမယ့်လည်း ပြောင်းရွှေ့ကြေး ပေးချေလိုခြင်း မရှိတာကြောင့် ရီးရဲလ်အသင်းနဲ့ ဆက်ပြီး ညှိနိုင်းရမယ်လို့ သိရပါတယ်။
2 years Ago

February 2, 2019

မန်ယူကွင်းလယ်ကစားသမား ဖယ်လိုင်နီ တရုတ်ကလပ်ကို ပြောင်းရွှေ့

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဖယ်လိုင်နီဟာ အသင်းမှာ ၅ နှစ်ခွဲကြာ ကစားခဲ့ပြီးတဲ့နောက် တရုတ်စူပါလိဂ်ကလပ် ရှန်ဒေါင်းလူနန်တိုင်ရှန်အသင်းကို ပေါင် ၁၀.၄ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ အပြောင်းအရွှေ့ရဲ့ နောက်ဆုံးရက်မှာ တရုတ်ကလပ်နဲ့သဘောတူညီမှုရရှိခဲ့တဲ့ ဘယ်လ်ဂျီယံလက်ရွေးစင် ဖယ်လိုင်နီဟာ လကုန်မှသာ အသင်းသစ်ကို သွားရောက်ပူးပေါင်းမှာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်မှာ ၁၇၇ ပွဲကစား၊ သွင်းဂိုး ၂၂ ဂိုးရှိခဲ့ပြီး အောင်မြင်မှုအဖြစ် ယူရိုပါလိဂ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလားနဲ့ ကွန်မြူနတီဒိုင်းတကြိမ်စီ ရရှိထားပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖယ်လိုင်နီဟာ မော်ရင်ဟိုလက်ထက်မှာ အဓိက ကစားသမားဖြစ်ခဲ့ပေမယ့် ဆိုးရှားရောက်ရှိလာချိန်မှာတော့ ပွဲထွက်ခွင့် ပျောက်ဆုံးနေခဲ့လို့ လုပ်ခလစာမြင့်မားပြီး ပွဲထွက်ခွင့်ရရှိမယ့် ရှန်ဒေါင်းလူနန်တိုင်ရှန်အသင်းကို သွားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
2 years Ago
Up