တရုတ်

July 29, 2019

ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ တရုတ်နိုင်ငံ ခေါင်းဆောင်များနှင့် အီရန်အရာရှိများ တွေ့ဆုံ

ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှားနဲ့ တရုတ်နိုင်ငံ ခေါင်းဆောင်တွေဟာ အီရန်အစိုးရ အရာရှိတွေနဲ့ သြစတြီးယားနိုင်ငံရဲ့ မြို့တော် ဗီယင်နာမှာ ဇူလိုင် ၂၈ ရက်က တွေ့ဆုံပါတယ်။ အီရန်နဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကြား ၂၀၁၅ ခုနှစ်မှာ ချုပ်ဆိုထားတဲ့ နျူကလီးယားရေး သဘောတူညီချက် မပျက်အောင် ဆွေးနွေးဖို့ ကြိုးစားနေကြတာပါ။ အားလုံးပါဝင်တဲ့ ပူးတွဲအရေးယူဆောင်ရွက်ရေး စီမံကိန်းအတွက် ပူးတွဲကော်မရှင်ကို ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဌာန အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ဟယ်လ်ဂါရှမစ်က သဘာပတိအဖြစ် ဆောင်ရွက်ပါတယ်။ အီရန် နျူကလီးယား အစီအစဉ်ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကနေ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ မနှစ်က နုတ်ထွက်ခဲ့တာပါ။ အဲဒီနောက် အီရန်အပေါ် စီးပွားရေးဒဏ်ခတ်မှု ပြန်စခဲ့ပါတယ်။ သဘောတူညီချက်ဟာ အပြစ်အနာအဆာတွေ ရှိနေတယ်၊ အီရန်က ပဲ့ထိန်းဒုံးကျည် တီထွင်တာတွေ အီရတ်၊ လက်ဘနွန်၊ ယီမင်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ ကြားခံတပ်တွေကို ပံ့ပိုးနေတာတွေကို ထိန်းချုပ် ကန့်သတ်ချက်တွေ မပါဘူးလို့ ထရမ့်က ပြောပါတယ်။ အီရန်က ဒုံးကျည်အစီအစဉ်ဟာ ကာကွယ်ရေးသက်သက်လို့ပြောပြီး သူ့စစ်ရေးစွမ်းရည်နဲ့ ပတ်သက်လို့ အမေရိကန်အစိုးရနဲ့ မဆွေးနွေးဘူးလို့ ငြင်းပါတယ်။ သူ့ဒုံးကျည်တွေဟာ နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်စွမ်းရှိတယ်ဆိုတဲ့ စွဲချက်ကိုလည်း ငြင်းပြီး နျူကလီးယား အစီအစဉ်ကလည်း အကြမ်းဖက်ဖို့ မဟုတ်ဘူးလို့ အီရန်အစိုးရက ပြောခဲ့ပါတယ်။
2 years Ago

တရုတ်တွင် မြေပြိုမှုကြောင့် သေဆုံးသူ ၃၃ ဦးထိ မြင့်တက်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်မှာ ဇူလိုင် ၂၃ ရက်က မြေပြိုခဲ့မှုကြောင့် သေဆုံးသူဦးရေဟာ ၃၃ ယောက်ထိ မြင့်တက်လာပြီး ၁၈ ယောက် ပျောက်နေတယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။ ဒီအသေအပျောက်စာရင်းဟာ ဇူလိုင် ၂၇ ရက် ည ၁၁ နာရီိမှာရတဲ့ သတင်းအချက်အလက်ကို ထုတ်ပြန်ခဲ့တာပါ။ မြေပြိုတဲ့ဒေသက အိမ်ထောင်စု ၂၂ စုမှာ လူ ၇၇ ယောက်ရှိပြီး ၈ ယောက်က ဆွေမျိုးတွေဆီ အလည်ရောက်နေတယ်လို့ အတည်ပြု သတင်းထုတ်ပြန်ခဲ့ပါတယ်။ “မြေပြိုတဲ့ဘေးကနေ လွတ်သွားတဲ့ လူ ၂၃ ယောက်ကို ဆက်သွယ်ချက်အရ လူ ၁၁ ယောက်ကို ကယ်ထုတ်ထားပြီး ဆေးရုံတင် ကုသပေးနေတယ်။ အလောင်း ၃၃ လောင်း တူးယူ ရရှိထားတယ်။ ၁၈ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်” လို့ စီစီတီဗွီ ရုပ်သံက ကြေညာပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေဆဲဖြစ်ပြီး ဘဏ္ဍာရေးနဲ့ အရေးပေါ်စီမံရေး ဝန်ကြီးဌာနတွေက ကပ်ဘေးသက်သာရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၅ သန်း ချထားပေးပြီး ဖြစ်ပါတယ်။
2 years Ago

July 27, 2019

ဂါရက်ဘေးလ်ကို တပတ်လုပ်ခ ပေါင်း ၁ သန်းဖြင့် တရုတ်ကလပ် ကမ်းလှမ်း

ဂါရက်ဘေးလ်ကို တရုတ်စူပါလိဂ် ကလပ်အသင်းတခု တပတ်လုပ်ခ ပေါင် ၁ သန်းနဲ့ ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တောင်ပံကစားသမားဂါရက်ဘေးလ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ နည်းပြဇီဒန်းက စောင့်ဆိုင်းနေတယ်လို ပြောကြားပြီးနောက် အခုလို ကမ်းလှမ်းခဲ့တာပါ။ နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရ ဂါရက်ဘေးလ်ဟာ တရုတ်ကလပ် ကျန်းဆုဆန်းနင်းအသင်းကို ပြောင်းရွှေ့တော့မှာ ဖြစ်ပြီး စာချုပ်အပြီးသတ်ချုပ်ဆိုဖို့သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ ဘေးလ်ဟာ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းမှာ တပတ်လုပ်ခ ပေါင် ၃ သိန်းခွဲရရှိခဲ့တာကြောင့် တရုတ်ကလပ်မှာ အခုရရှိနေတာရဲ့ ၃ ဆလောက်တိုးမြှင့် ရရှိတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းဆုအသင်းရဲ့ ကမ်းလှမ်းချက်အရ ဘေးလ်ဟာ အသင်းကို တရားဝင်ရောက်ရှိချိန်မှာ ကြိုဆိုအပိုဆုအဖြစ် ပေါင်သန်း ၂၀ လည်းရရှိမှာ ဖြစ်ပါတယ်။ ဘေးလ်ဟာ နည်းပြဇီဒန်းရဲ့ အနာဂတ်အသင်းစီမံကိန်းအတွက် လုံးဝပါဝင်ခြင်းမရှိတဲ့ ကစားသမားအဖြစ် သတ်မှတ်ခံလိုက်ရပြီးနောက်မှာ အခုလိုထွက်ခွာဖို့ လက်ခံခဲ့တာဖြစ်နိုင်ပါတယ်။
2 years Ago
More News
Up