တွဲလောင်းကျ

March 24, 2017

အမေရိကန် မိုးမျှော်အဆောက်အအုံ ကရိန်းစင်ပြီကျပြီး ၀န်ထမ်းတဦး တွဲလောင်းကျ (ရုပ်သံ)

မတ်လ ၂၃ ရက်နေ့က အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် မိုင်ယာမီကမ်းခြေတောင်ပိုင်း မိုးမျှော်အဆောက်အအုံတခုမှာ ကရိန်းစင်ပြိုကျပြီးနောက် တွဲလောင်းကျန်နေတဲ့ ဝန်ထမ်းတစ်ဦးကို အောင်မြင်စွာကယ်တင်နိုင်ခဲ့ပါတယ်။ ကီးဘစ်စကိန်း အပန်းဖြေစခန်းက အဆောက်အအုံတခုရဲ့ အပြင်ဘက်ခြမ်း ၆ ထပ်နဲ့ ၈ ထပ်ကြားကို အဲဒီဝန်ထမ်းက သန့်ရှင်းရေးလုပ်နေတဲ့အချိန်မှာ သူရပ်နေတဲ့ ကရိန်းစင်ကပြိုကျသွားတာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက သူ့ကို ချောချောမောမော မြေပေါ်ရောက်အောင် ကူညီခဲ့ပါတယ်။ အဲဒီနောက်မှာ ဝန်ထမ်းကို နောက်ထပ်စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ဆေးရုံကို ခေါ်သွားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up