တော်ဝင်အခမ်းအနား

February 21, 2020

ဗြိတိန်မင်းသားနှင့်ဇနီး တော်ဝင်အခမ်းအနားများ မတ် ၃၁ ရက် နောက်ဆုံးတက်မည်

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ ဇနီးမက်ဂန်တို့ဟာ အကြီးတန်းတော်ဝင်နွယ်အဖြစ် ပွဲတက်အခမ်းအနားတွေကို မတ် ၃၁ ရက်မှာ နောက်ဆုံးတက်ရောက်သွားမယ်လို့ တော်ဝင်အယ်ဒီတာ ခရစ်ရှစ်ပ်က ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။  ဟယ်ရီနဲ့ မက်ဂန်တို့ဟာ တော်ဝင်မျိုးနွယ်အဖြစ် အခမ်းအနားတွေကို ဖေဖော်ဝါရီလ နှောင်းပိုင်းနဲ့ မတ်လမှာ တက်ရောက်ပြိး မက်လ ၃၁ ရက်မှာတော့ သူတို့ရဲ့ ရာထူးအဆင့်အပြောင်းအလဲကို လုပ်သွားမယ်လို့  အယ်ဒီတာက ပြောခဲ့တာပါ။  ဆာဆက်စ်မြို့စား ဟယ်ရီနဲ့ မြို့စားကတော် မက်ဂန်တို့ဟာ သူတို့ရဲ့ တော်ဝင်ဝတ္တရားတာဝန်တွေကို ထမ်းဆောင်တော့မှာ မဟုတ်ဘူးလို့ ပြိးခဲ့တဲ့ ဇန်နဝါရီလမှာ ကြေညာခဲ့ပါတယ်။  ဒီအတွက် ဧပြီ ၁ ရက်နောက်ပိုင်းကစလို့  သူတို့ဟာ ဘာကင်ဟမ်နန်းတော်မှာ တာဝန် ထမ်းဆောင်ရတာ့မှာမဟုတ်ဘူးလို့ ဘာကင်ဟမ်ကို ကိုးကားပြိး ခရစ်ရှစ်ပ်က ပြောခဲ့ပါတယ်။  နန်းတော် ပြောခွင့်ရပုဂ္ဂိုလ်ကတော့ အဲဒါနဲ့ ပတ်သက်ပြီး ချက်ချင်း ဖြေကြားခဲ့တာ မရှိဘူးလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။   
1 year Ago
Up