တောမီး ထပ်မံလောင်

October 16, 2020

ကယ်လီဖိုးနီးယားတွင် တောမီး ထပ်မံလောင်ကျွမ်း၊ အနီရောင် သတိပေးချက်ထုတ်

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးတခု ထပ်လောင်နေပြီး လုံး၀ မထိန်းချုပ်နိုင်သေးဘူးလို့ Cal Fire  မီးသတ်တပ်ဖွဲ့က  အောက်တိုဘာ ၁၅  ရက်မှာ ထုတ်ပြန်ပါတယ်။  လော့စ်အိန်ဂျလိစ်မြို့အနီး တောင်ပိုင်း ရက်ဒ်လန်းမြို့မှာ ဘရူဒါ တောမီး လောင်နေတာကြောင့် ဒေသခံတချို့ကို ဘေးလွတ်ရာပြောင်းဖို့ ညွှန်ကြားထားပြီး အနီးဝန်းကျင် ကျောင်းမှာ ခိုလှုံရေးစခန်းတခုကို တည်ဆောက်ထားပါတယ်။  အမျိုးသားမိုးလေဝသဌာနက အောက်တိုဘာ ၁၆ ရက်အထိ ပြည်နယ်ရဲ့နေရာ အတော်များများမှာ  အနီရောင် သတိပေးချက်ထုတ်ထားပါတယ်။  တောမီးဟာ ပျံ့နှံ့လွယ်ပြီး လက်ရှိအနေအထားမှာ အလွယ်တကူ စလောင်နိုင်တယ်လို့လည်း ဒေသခံတွေကို မိုးလေဝသဌာနက သတိပေးထားပါတယ်။ 
8 months Ago
Up