တောဆင်ရိုင်းအုပ်စု

September 20, 2020

ငပုတောတွင် တောဆင်ရိုင်းအုပ်စုက နေအိမ်တလုံးကို တိုက်ခိုက်ခဲ့မှုကြောင့် ၁ ဦး ဒဏ်ရာရ

ဧရာဝတီတိုင်း​ဒေသကြီး၊ ငပု​တောမြို့နယ်​၊ တင်း​ချောင်း​ကျေးရွာအုပ်​စု၊ သစ်​တိုပင်​ကျေးရွာရှိ ​နေအိမ်​တအိမ်​ကို စက်​တင်​ဘာလ ၂၀ ရက်​မနက် ​၁ နာရီခွဲအချိန်​ခန့်က ​တောဆင်​ရိုင်းအုပ်​တ​အုပ်​ ဝိုင်းဝန်းတိုက်​ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်​ဦး ဒဏ်​ရာရရှိခဲ့တယ်​လို့​ ကျေးရွာတာဝန်​ရှိသူက ပြောပါတယ်​။ သစ်​တိုပင်​ကျေးရွာအစွန်မှာ​ ​နေထိုင်​တဲ့ ဦးထွန်းရီဟာ ​နေအိမ်​မှာ တောဆင်​ရိုင်း ၈​ ကောင်​ပါတဲ့ ​တောဆင်​ရိုင်းအုပ်​က အိမ်​ကိုဝိုင်းလာပြီး ဖြိုတဲ့ပုံစံ ဝိုင်းဖျက်​ဆီးခဲ့လို့ အမျိုးသမီး ၁ ဦး ဒဏ်​ရာရရှိခဲ့တယ်​လို့ ငပု​တောမြို့နယ်​၊ တင်း​ချောင်း​ကျေးရွာအုပ်​စု အုပ်​ချုပ်​ရေးမှုး ဦး​ထွန်း​လေးက ​ပြောပါတယ်​။ “အိပ်​ပျော်​နေကြတုန်း အိမ်​ထဲဝင်​လာတာ။ အ​ဖေဖြစ်​တဲ့သူက​ အော်​လည်း​ အော်​ရော ဆင်​က အိမ်​ကို အ​ရှေ့ အ​နောက် အတင်းဝိုင်းဖြိုတဲ့ ပုံစံ​ပေါ့။ ဒဏ်​ရတဲ့​ကောင်​မ​လေးက သူ့သုံးနှစ်​သား က​လေးကို​ ခေါ်ပြီး ဆင်း​ပြေး​တော့ ကျန်​တဲ့ဆင်​တွေကပါ သူ့ကိုလိုက်​နင်းတာ ကံ​ကောင်းလို့ မ​သေတာ။” တောဆင်​ရိုင်းအုပ်​ ဝိုင်းဝန်းတိုက်​ခိုက်​ခံရတဲ အသက် ​၂၁ နှစ်​အရွယ်​ နော်​တူးမကို ကျန်းမာ​ရေး​စစ်​ဆေးမှုတွေ ပြုလုပ်​ပြီး​နောက် ​ပုသိမ်​မြို့အ​ထွေ​ထွေ​ရောဂါကု​ဆေးရုံကြီးကို ဆက်​လက်​ပို့​ဆောင်​ ကုသ​ပေး​နေ​တယ်လို့ သိရပါတယ်​။ ဩဂုတ်​ ၂ ရက်​နေ့ကလည်း ငပု​တောမြို့နယ်​၊ ပိုး​လောင်း​ကျေးရွာအုပ်​စုက ​ဒေသခံ​တွေ စိုက်​ပျိုးထားတဲ့ လယ်​မြေတွေကို​ တောဆင်​ရိုင်း​အုပ်​တွေ ဝင်​ရောက်​လာလို့ ကွန်​ဂျီဆင်​တွေနဲ့ တောတွင်းကို ပြန်​လည်​မောင်းထုတ်​ခဲ့ရတယ်လို့ ​ဒေသခံ​တွေဆီကနေ သိရပါတယ်​။ ငပု​တောမြို့နယ်​ရှိ သစ်​တောကြိုးဝိုင်းတွေထဲမှာ တောဆင်​ရိုင်းအုပ်​တွေ လှည့်​လည်​ ကျက်စား​နေပြီး ၂၀၂၀ ပြည့်နှစ်​အတွင်း ဆင်​သတ်​မုဆိုး​တွေ ပစ်​ခတ်​သတ်ဖြတ်​မှုကြောင့်​ တောဆင်​ရိုင်းတစ်​ကောင်​ သေဆုံးခဲ့ပြီး အဆိပ်ရှိ သတ္တဝါ အကိုက်​ခံရမှုကြောင့်​လည်း​ တောဆင်​ရိုင်းတစ်​ကောင်​ သေဆုံးခဲ့​တာရှိတယ်​လို့ ရဲတပ်​ဖွဲ့ရဲ့ မှတ်​တမ်း​တွေအရ သိရပါတယ်​။ သတင်း - မင်းထက်​မုန်း (ပုသိမ်​)၊ ဓာတ်​ပုံ - ကိုထွန်း​လေး
9 months Ago
Up