တောင်ကိုရီးယားနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းက ကမ်းလွန်ပင်လယ်ပြင်မှာ တရုတ် ငါးဖမ်း သင်္ဘော တစီး အောက်တိုဘာ ၂၀ ရက်က နစ်မြုပ်ခဲ့လို့ ပျောက်နေဆဲ လူ ၃ ယောက်ကို ရှာနေရတယ်လို့ တောင်ကိုရီးယားကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။
လူ ၁၅ ယောက်ကို တင်လာတဲ့ ငါးဖမ်းသင်္ဘောဟာ တောင်ကိုရီးယား အနောက်တောင်ပိုင်း ဂန်စံဒေသနားမှာ နစ်မြုပ်ခဲ့တာပါ။
တောင်ကိုရီးယား ကမ်းရိုးတန်းစောင့်တပ်နဲ့ နစ်မြုပ်သင်္ဘောနဲ့အတူ ငါးဖမ်းနေတဲ့ တရုတ် ငါးဖမ်းလှေ နောက်တစီးတို့က သင်္ဘောသား ၈ ယောက်ကို ကယ်နိုင်ခဲ့တယ်လို့ တောင်ကိုရီးယား အခြေစိုက် ယုံဟပ်သတင်းဌာနက ဖော်ပြပါတယ်။
သတိလစ်နေတဲ့ လူ ၃ ယောက်အပါအဝင်တခြား သင်္ဘောသား ၄ ယောက်ကို နောက်ပိုင်းမှာ ရေထဲကနေ ကယ်နိုင်ခဲ့ပြီး လှေနစ်ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။