တူရကီ

January 31, 2021

နာဂေါ်နိုခါရာဘတ်ဒေသ အပစ်ရပ်စဲရေးစောင့်ကြည့်ရန် ရုရှားနှင့်တူရကီ ပူးတွဲစင်တာဖွင့်

ရုာရှားနဲ့တူရကီတို့ဟာ နာဂေါ်နို ခါရာဘတ်ဒေသမှာ မနှစ်က လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်အပြီး သဘောတူခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို လေ့လာစောင့်ကြည့်ဖို့ ဇန်နဝါရီ ၃၀ ရက်မှာ ပူးတွဲ စင်တာတရပ် ဖွင့်လှစ်လိုက်တယ်လို့ အဇာဘိုင်ဂျန် ကာကွယ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၃၀ ရက်မှာ ပြောပါတယ်။

ဒီစင်တာကို တည်ထောင်ဖို့ ၂ နိုင်ငံ ကိုယ်စားလှယ်တွေ နိုဝင်ဘာလမှာ သဘောတူခဲ့ပြီး အဇာဘိုင်ဂျန်နိုင်ငံ အဂ်ဒမ်ဒေသမှာ တရားဝင်ဖွင့်လှစ်ခဲ့ပါတယ်။

ခုတော့ တူရကီနဲ့ ရုရှား နှစ်ဖက်စလုံးက ဝန်ထမ်း အယောက် ၆၀ လောက် အဲ့ဒီစခန်းထဲမှာ တာဝန်ထမ်းဆောင်နေတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။ 

တူရကီဘက်က ဗိုလ်ချုပ်ကြီးတယောက်နဲ့ တပ်ဖွဲ့ဝင် ၃၈ ယောက် အဲဒီဌာနမှာ အလုပ်လုပ်မယ်လို့ ပြောပါတယ်။

တခြား သတင်းရင်းမြစ်တွေ ဆီကနေရတဲ့ သတင်းအချက်အလက်တွေကို ချင့်တွက်ပြီး မောင်းသူမဲ့ လေကြောင်းယာဉ်တွေကို သုံးရင်း စောင့်ကြည့်သွားမယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကို ကိုးကားပြီး အင်တာဖက်စ် သတင်းမှာ ဖော်ပြပါတယ်။

3 months Ago

တူရကီပင်လယ်နက်အတွင်း လှိုင်းကြီးပြီး ကုန်သင်္ဘော ၂ ပိုင်းပြတ်သွားသည့် ရုပ်သံဖြန့်ချိ

တူရကီနိုင်ငံ ရေပိုင်နက် ပင်လယ်နက်အတွင်း ဘာတင်ပြည်နယ်ရဲ့ ကမ်းလွန်ဒေသမှာ ဒီလအစောပိုင်းက လှိုင်းကြီးလို့ ကုန်သင်္ဘောတစီး ၂ ပိုင်းပြတ်သွားတာကို သင်္ဘောပေါ်မှာ ပါသူတွေက ကင်မရာနဲ့ မှတ်တမ်းတင် ရိုက်ကူးနိုင်ခဲ့ပါတယ်။

ယူကရိန်းပိုင် အာရ်ဗင်သင်္ဘောဟာ လှိုင်းကြီးလို့ ဇန်နဝါရီ ၁၆ ရက်မှာ ပင်လယ်ထဲ နစ်မြုပ်သွားခဲ့တဲ့အတွက် သင်္ဘောသား ၃ ဦး သေဆုံးပါတယ်။ 

ဂျော်ဂျီယာနိုင်ငံနဲ့ ဘူလ်ဂေးရီးယားနိုင်ငံကြား ရေကြောင်းခရီးသွားနေတုန်း သင်္ဘောမြုပ်တော့မှာမို့ ကူညီဖို့ ဆော်သြတဲ့ သင်္ဘောသားတွေက ရိုက်ကူးထားတဲ့ ရုပ်သံကို တူရကီပင်လယ်ရေကြောင်း အာဏာပိုင်တွေက ဖြန့်ချိလိုက်တာပါ။

ရှာဖွေရေးအဖွဲ့က ယူကရိန်းနိုင်ငံသား အများစုပါတဲ့ သင်္ဘောသားတွေကို ကယ်တင်ခဲ့ကြပါတယ်။

3 months Ago

December 28, 2020

လစ်ဗျား အတိုက်အခံတပ်ဖွဲ့များကို တူရကီ သတိပေး

လစ်ဗျားနိုင်ငံအရှေ့ပိုင်းမှာ တပ်စွဲထားတဲ့ ဗိုလ်ချုပ်ကြီး ခါလီဖှာဟဲ့ဖ်တာနဲ့ သူ့ကို ထောက်ခံသူတွေဟာ တူရကီစစ်တပ်ကို တိုက်ခိုက်ဖို့ ကြိုးစားရင် တရားဝင် ပစ်မှတ်တွေဖြစ်သွားလိမ့်မယ်လို့ တူရကီ ကာကွယ်ရေးဝန်ကြီး ဟူလူစီအာကာက ဒီဇင်ဘာ ၂၆ ရက်မှာ သတိပေးလိုက်ပါတယ်။ ဟဲ့ဖ်တာဟာ လစ်ဗျားနိုင်ငံအတွင်း တူရကီစစ်တပ်တွေကို ပစ်မှတ်ထားဖို့ စတင် ဆော်သြနေပြီး တူရကီစစ်တပ်တွေကို တိုက်ခိုက်ဖို့လည်း ဆော်သြနေတယ်လို့ ထရီပိုလီမြို့တော်ရှိ တူရကီစစ်တပ်ဆီ သွားရောက်လည်ပတ်ချိန်မှာ ဝန်ကြီးက ပြောပါတယ်။ အစိုးရ၊ လွှတ်တော်နဲ့ စစ်တပ်ပါ နှစ်ခြမ်းကွဲပြီး ပြည်တွင်းစစ်ဖြစ်နေတဲ့ လစ်ဗျားနိုင်ငံမှာ မြို့တော်ထရီပိုလီ အခြေစိုက် နိုင်ငံတကာအသိအမှတ်ပြု (GNA) အစိုးရကို အဓိက ထောက်ခံတဲ့ နိုင်ငံခြား တိုင်းပြည်ဟာ တူရကီပါ။ လစ်ဗျားအရှေ့ပိုင်းမှာ တပ်စွဲထားတဲ့ ဗိုလ်ချုပ်ကြီး ခါလီဖှာဟဲ့ဖ်တာ ခေါင်းဆောင်တဲ့ LNA အစိုးရကိုတော့ ရုရှား အာရပ်စော်ဘွားများပြည်ထောင်စုနဲ့ အီဂျစ်တို့က ကျောထောက်နောက်ခံ ပေးထားပါတယ်။ အောက်တိုဘာလက GNA နဲ့ LNA အစိုးရတို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ကုလသမဂ္ဂကလည်း အဖြေတရပ်အနေနဲ့ လာမယ့်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး နိုင်ငံရေး ဆွေးနွေးဖို့ တွန်းအားပေးခဲ့ပါတယ်။ ရုရှားအစိုးရကလည်း လစ်ဗျားမှာ ငြိမ်းချမ်းရေး အခြေကျစေရေး နိုင်ငံတကာက အားထုတ်ကြဖို့ ဆော်သြခဲ့ပါတယ်။ တူရကီဟာ GNA အစိုးရအတွက် စစ်ဘက်အရာရှိတွေနဲ့ ပစ္စည်းကိရိယာတွေ ပေးပို့ခဲ့ပြီး GNA နဲ့ LNA အစိုးရတို့ကြား ပဋိပက္ခကို အဖြေရှာရေး ရုရှားအစိုးရနဲ့လည်း ဆွေးနွေးနေပါတယ်။
4 months Ago
More News
Up