တိုက်ခိုက်

December 4, 2017

ဟူသီသူပုန်များကို ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့ လေကြောင်းဖြင့် တိုက်ခိုက်

ယီမင်နိုင်ငံ အနောက်မြောက်ပိုင်းက ဟူသီသူပုန်တွေရဲ့ ခြေကုပ်နယ်မြေတစ်ခုကို ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ ညွှန်ပေါင်းတပ်ဖွဲ့က ဒီဇင်ဘာ ၃ ရက်နေ့မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူအနည်းဆုံး ၁၂ ဦး သေဆုံးသွားပါတယ်။ ဒေသခံတဦးက သေဆုံးသူ ၁၅ ဦးထိ ရှိတယ်လို့လည်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ယီမင်နိုင်ငံဟာ ၂၀၁၄ ခုနှစ်နှောင်းပိုင်းလောက်ကစပြီး အကြမ်းဖက်တိုက်ခိုက်မှု နွံနစ်နေတဲ့ နိုင်ငံပါ။ ယီမင်နိုင်ငံက ရှီဟိုက်မွတ်ဆလင်အုပ်စုနဲ့ နီးစပ်တဲ့ ဟူသီသူပုန်တွေဟာ ၂၀၁၄ ခုနှစ်နှောင်းပိုင်းမှာ မြို့တော် ဆာနာကို သိမ်းပိုက်အပြီး အစိုးရအဖွဲ့ကို ထိန်းချုပ်လိုက်တဲ့အချိန်ကစပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။ ယီမင်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ၂၀၁၅ ခုနှစ်ကစပြီး အနည်းဆုံး လူ ၁ သောင်း ကျော်သေဆုံး ခဲ့တာပါ. လူ ၂ သန်းကျော် အိုးမဲအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ဝမ်းပျက်ဝမ်းလျောရောဂါ ကူးစက်ခံရသူ ၁ သန်းကျော်ရှိနေပြီး၊ အစားအစာပြတ်လပ်မှု ကပ်ဘေး ကျရောက်နီးပါး အခြေအနေထိ ဖြစ်ခဲ့ရပါတယ်။
3 years Ago

August 5, 2017

အကြမ်းဖက်အဖွဲ့အား ငွေကြေးထောက်ပံ့သူများကို ရဲဖမ်းဆီးရာတွင် လူအုပ်စုကြီးက တိုက်ခိုက်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ အောက်နန်းရာကျေးရွာအတွင်း အကြမ်းဖက်အဖွဲ့အား ငွေကြေးထောက်ပံ့နေသူတွေကို သွားရောက်ဖမ်းဆီးတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရွာအတွင်းရှိ လူပေါင်း ၅၀၀ ကျော်လောက်က ၀ိုင်းဝန်းတိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့နဲ့ တပ်မတော် ပူးပေါင်းရှင်းလင်းခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက မနေ့က သတင်းထုတ်ပြန်ထားပါတယ်။ အမှတ် ၃ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ရဲမှူး ဥက္ကာအောင် ဦးစီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ၂၅ ယောက်တို့ဟာ သြဂုတ် ၄ ရက် မနက် ၇ နာရီက အောက်နန်းရာ ကျေးရွာအတွင်း အကြမ်းဖက်အဖွဲ့တွေအား ငွေကြေးထောက်ပံ့ပေးတဲ့ တရားခံ ၆ ဦးကို ဖမ်းဆီးခဲ့တာပါ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ တရားခံတွေကို ခေါ်ဆောင်ပြီး ပြန်လည်ထွက်ခွာတုန်း ရွာတွင်းမှ လူစုလူဝေးနဲ့ အော်ဟစ်ဆူညံ ဝိုင်းရံလာတာကြောင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေက လက်နက်ငယ်တွေနဲ့ ခြောက်လှန့်ပစ်ခတ်တုန်းမှာ တရားခံ ၆ ယောက်ထဲကနေ ၂ ယောက် ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ စာသင်ကျောင်းမှာ နားနေတုန်း ရွာအတွင်းက လူစူလူဝေးနဲ့ ကိုက် ၅၀ အကွာအထိ ၀င်လာပြီး ထပ်မံတိုက်ခဲ့လို့ သေနတ်နဲ့ ပစ်ခတ်ခြောက်လှန့်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကို အဲဒီလူအုပ်စုကြီးက ရွာအနောက်ဘက် စေတီပြင်-အငူမော်သွား ကားလမ်းအထိ လိုက်လံတိုက်ခိုက်ခဲ့ကြပါတယ်။ ထွက်ပြေးလွတ်မြောက်သွားတဲ့ တရားခံ ၂ ယောက် ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေက အောက်နန်းရာ ကျေးရွာအတွင်း ဝင်ရောက်ရှာဖွေရှင်းလင်းလျက်ရှိပြီး တပ်မတော်စစ်ကြောင်းတွေက ကျေးရွာ အပြင်ဘက်မှ ပိတ်ဆို့ရှာဖွေတာတွေ ပြုလုပ်နေတယ်လို့  သတင်းထုတ်ပြန်ထားပါတယ်။
4 years Ago
More News
Up