တီမိုဝါနာ

December 22, 2020

၉ ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့သည့် တီမိုဝါနာ၏ခြေစွမ်းအပေါ် မစိုးရိမ်ဟု နည်းပြလမ်းပတ် ပြော

၉ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့တဲ့ တိုက်စစ်မှူးတီမိုဝါနာရဲ့ ခြေစွမ်းနဲ့ပတ်သက်လို့ မစိုးရိမ်ကြောင်း နည်းပြ ဖရန့်လမ်းပတ်က ပြောပါတယ်။  နွေရာသီ အပြောင်းအရွှေ့က ဂျာမန်ကလပ် လိုက်ဇစ်ကနေ ပေါင် ၅၃ သန်းနဲ့ ခေါ်ယူခဲ့တဲ့ တီမိုဝါနာဟာ မနေ့က ဝက်စ်ဟမ်းနဲပွဲမှာလည်း အသင်းက ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ လိုက်ဇစ်မှာတုန်းက စုစုပေါင်း ၄၅ ပွဲမှာ ၃၄ ဂိုးအထိ သွင်းယူခဲ့တဲ့ တီမိုဝါနာဟာ ချဲလ်ဆီးမှာတော့ ပရီးမီးယားလိဂ် ၁၄ ပွဲမှာ ၄ ဂိုးသာ သွင်းယူနိုင်ခဲ့တာပါ။ လိဂ်ပြိုင်ပွဲအသစ်မှာ ကစားရတာဖြစ်လို့ အံဝင်ခွင်ကျဖြစ်ဖို့ အချိန်ယူရနိုင်ပြီး ဂိုးမသွင်းနိုင်ခဲ့ရင်တောင် ပြိုင်ဘက်အသင်းကို ကြောက်လန့်စေပြီး ပြဿနာတွေ ဖန်တီးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဖြစ်တယ်လို့ လမ်းပတ်က ချီးကျူးပါတယ်။ လတ်တလောအချိန်မှာပဲ ဂိုးပေါက်ပျောက်နေတာဖြစ်ပြီး မကြာခင်မှာ တီမိုဝါနာဆီကနေ ဂိုးတွေ မြင်တွေ့ရမယ်လို့ နည်းပြလမ်းပတ်က ပြောပါတယ်။
5 months Ago

October 27, 2020

တီမိုဝါနာ ပုံစံကောင်းမရသေးသည့်အပေါ် စိုးရိမ်စရာမရှိဟု ချဲလ်ဆီးနည်းပြ လမ်းပတ်ပြော

တိုက်စစ်မှူး တီမိုဝါနာရဲ့ ခြေစွမ်းမပြနိုင်သေးတဲ့အပေါ် စိုးရိမ်စရာမရှိကြောင်း နည်းပြ လမ်းပတ်က ပြောပါတယ်။ ဂျာမနီတိုက်စစ်မှူး တီမိုဝါနာဟာ အခုနှစ် အပြောင်းအရွှေ့မှာ ပေါင် ၅၃ သန်းနဲ့ ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။  ဝါနာဟာ အခုနှစ်ပရီးမီးယားလိဂ်မှာ ၆ ပွဲသာ ကစားရသေးကာ ၂ ဂိုးသွင်းပြီး ၁ ကြိမ် ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ နည်းပြလမ်းပတ်ကလည်း တီမိုဝါနာကို ချီးကျူးခဲ့ပြီး အကောင်းဆုံးခြေစွမ်း မပြသနိုင်သေးတဲ့တိုင်အောင် စိုးရိမ်စရာမရှိကြောင်း ပြောပါတယ်။  အသက် ၂၄ နှစ်ရှိ ဝါနာဟာ မနှစ်က ဂျာမန်ကလပ် လိုက်ဇစ်မှာ ပြိုင်ပွဲစုံ ၃၄ ဂိုးအထိ သွင်းယူထားတာ ဖြစ်ပါတယ်။ ကစားသမားသစ်တစ်ဦး ဖြစ်တာကြောင့် အသင်းသစ်မှာ အခြေကျဖို့ ရုန်းကန်ရလေ့ရှိပြီး မကြာခင်မှာ ခြေစွမ်းပြဂိုးတွေ သွင်းယူနိုင်လိမ့်မယ်လို့  နည်းပြ လမ်းပတ်က ပြောပါတယ်။
7 months Ago
More News
Up