တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့၏ တိုက်ခိုက်မှု တရုတ်နိုင်ငံ ဆန့်ကျင်

January 15, 2021

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြရန် သမ္မတ တိုက်တွန်း

ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့   ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့နဲ့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေမှာ အပြည့်အဝ လက်တွဲပူးပေါင်းပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြဖို့ သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။ ဇန်နဝါရီ ၁၅ ရက်နေ့ ကျရောက်တဲ့ ၆၉ နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ သမ္မတက အခုလို တိုက်တွန်းလိုက်တာပါ။ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကယားပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အခက်အခဲ များစွာ ရှိခဲ့ပေမဲ့ အခုအခါ လက်နက်ကိုင်ပဋိပက္ခတွေ  မရှိတော့သလောက်ဖြစ်ပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတွေ ပိုမိုဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နယ်မြေအေးချမ်းသာယာပြီး  လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်တာနဲ့အမျှ ကယားပြည်နယ်နေ   ပြည်သူတွေရဲ့   လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်လို့ ပြည်ထောင်စုကြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားပြည်သူ အားလုံးရဲ့    ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံအစည်းအဝေးတွေကို လေးကြိမ်တိုင်ကျင်းပခဲ့ပြီး သဘောတူညီချက် အများအပြားရရှိခဲ့တယ်လို့ သမ္မတက ဆိုပါတယ်။ ရရှိလာတဲ့   ဒီမိုကရေစီနဲ့  ဖက်ဒရယ်ဆိုင်ရာ ဘုံသဘောတူညီချက်တွေအရ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှ အခွင့်အရေးရရှိခြင်းနဲံ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရရှိခြင်းဟူသော နိုင်ငံရေးအနှစ်သာရများ ပြည့်ဝတဲ့ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်ရာမှာ အစိုးရနဲ့အတူ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက စိတ်တူကိုယ်တူ ဆန္ဒတူစွာနဲ့ ပူးပေါင်းလက်တွဲ ကြိုးပမ်းသွားကြဖို့လည်း တိုက်တွန်းထားပါတယ်။ ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ချက် အက်ဥပဒေအရ လူထုဆန္ဒနဲ့ ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကရင်နီပြည်နယ်ကနေ ကယားပြည်နယ်အဖြစ် တရားဝင် ပြောင်းလဲခေါ်ဝေါ‌ခဲ့တာ ၆၉ နှစ်မြောက် ရှိပြီ ဖြစ်ပါတယ်။ ကိုဗစ်ကာလဖြစ်တဲ့အတွက် ၆၉ နှစ်မြောက် ကယားပြည်နယ်နေ့မှာ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်းတွေ၊ ယဉ်ကျေးမှုအကပြိုင်ပွဲတွေ၊ တေးဂီတဖျော်ဖြေပွဲတွေ၊ လှေလှော်ပြိုင်ပွဲတွေ၊  အားကစားပြိုင်ပွဲ စတာတွေ ကျင်းပခွင့်မရကြတဲ့အတွက် အထူးစိတ်မကောင်းဖြစ်ရတယ်လို့ သမ္မတက ပြောပါတယ်။ ကယားပြည်နယ် ရောဂါကူးစက်မှု မရှိအောင် အစွမ်းကုန် ကြိုးစားဆောင်ရွက်ခဲ့ပြီး ရောဂါပိုးတွေ့ရှိသူအနည်းဆုံး ပြည်နယ်တစ်ခုဖြစ်ခဲ့တာကြောင့် ကုသခြင်းလုပ်ငန်းများကို စေတနာ၊ မေတ္တာအပြည့်အဝထားပြီး ကျရာအခန်းကဏ္ဍပ ဆောင်ရွက်ခဲ့သူများ၊ ပံ့ပိုးကူညီခဲ့သူတွေနဲ့ ကျန်းမာရေး အသိပညာပေးညွှန်ကြားချက်တွေကို တိကျစွာ လိုက်နာကြတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံးကိုလည်း ကျေးဇူးတင်ရှိတယ်လို့ ဆိုပါတယ်။ Photo-President Office
4 months Ago

January 1, 2021

တိုင်းရင်းသားလက်နက်ကိုင်များ အန်စီအေ လမ်းကြောင်းကို မလွဲမသွေလျှောက်လှမ်းရန် ကာချုပ် တိုက်တွန်း 

၂၀၂၀ ပြည့်နှစ်အလွန်ကာလမှာ  နိုင်ငံတော်ကို ဒီမိုကရေစီနဲ့  ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့   နိုင်ငံရေး လမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်ဖို့ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့  အန်စီအေ လမ်းကြောင်းကို မလွဲမသွေလျှောက်လှမ်းကြရမှာ ဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားလိုက်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာကျရောက်တဲ့   နိုင်ငံတကာ နှစ်သစ်ကူးနေ့ နှုတ်ခွန်းဆက်အမှာစကားပြောကြားရာမှာ  ထည့်သွင်းပြောဆိုသွားတာပါ။ ထာဝရငြိမ်းချမ်းရေးရရှိမှသာ တိုင်းပြည်အေးချမ်း သာယာမှုရှိပြီး မိမိတို့ဒေသ၊ မိမိတို့ရဲ့ အနာဂတ်မျိုးဆက်သစ် ကလေးသူငယ်တွေရဲ့  လူမှုဘဝဖွံ့ဖြိုးတိုးတက်မယ် ဆိုတာကို မျှော်တွေးဆောင်ရွက်သွားကြစေလိုတယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။ တပ်မတော်အနေနဲ့    တိုင်းရင်းသားညီအစ်ကို မောင်နှမတွေနဲ့ လက်တွဲပြီး      ထာဝရငြိမ်းချမ်းရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ကြဉ်းလုပ်ဆောင်သွားမယ်လို့လည်းဆိုပါတယ်။ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်စေဖို့ ငြိမ်းချမ်းရေးကို အနှောင့်အယှက်၊ အဟန့်အတားဖြစ်စေမယ့် ဘယ်ကိစ္စမဆို ရှောင်ရှားပြီး ထာဝရငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေ ၅ ခုမှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်ကစပြီး ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ၂ နှစ်ကြာ    အပစ်အခတ်ရပ်စဲပေးခဲ့တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။ တပ်မတော်အနေနဲ့ COVID-19 ကာကွယ်၊ ကုသရေးနဲ့ ပတ်သက်ပြီး ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက ဘက်စုံ ထောင့်စုံကနေ မျက်ခြည်မပြတ်စောင့်ကြည့်ပြီး လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးနေကြောင်း၊ ခုအခါ ကပ်ရောဂါဖြစ်ပွားမှု မြန်မာနိုင်ငံမှာ ကျဆင်းလာတယ်ဆိုပေမယ့်လည်း ပေါ့ဆလို့တော့ မရပါကြောင်းနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လိုက်နာရန်အချက်တွေကို အလေးထားလိုက်နာဆောင်ရွက်ခြင်းဟာ  ရောဂါဖြစ်ပွားမှု  ထိန်းချုပ်ခြင်းနဲ့ လျော့နည်းပပျောက်ရေးအတွက် များစွာအကျိုးရှိစေမှာဖြစ်ကြောင်းလည်း ပြောပါတယ်။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးအဓိက ထုတ်လုပ်တဲ့နိုင်ငံဖြစ်လို့ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးထုတ်ကုန်တွေ၊ မွေးမြူရေးလုပ်ငန်းတွေ စတဲ့ ရနိုင်တဲ့နယ်ပယ်အသီးသီးမှာ အားသွန်ခွန်စိုက် လုပ်ဆောင်ခြင်းအားဖြင့် လူသားအားလုံးအကျိုး ဖြည့်ဆည်းပေးနိုင်တဲ့အပြင် တိုင်းပြည်ရဲ့ လူမှုစီးပွားလည်း တိုးတက်လာမှာဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်က ပြောသွားပါတယ်။  
4 months Ago
More News
Up