တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပွဲတော် ကျပ်သိန်း ၇၀၀၀ နီးပါး အကုန်အကျခံကျင်းပမည်

January 25, 2019

တိုင်းရင်းသားရိုးရာယဉ်ကျေးမှုများကို မြှင့်တင်မည့် သွေးချင်းတို့၏ပွဲတော် စတင်ဖွင့်လှစ်

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ ရိုးရာယဉ်ကျေးမှုတွေနဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ရည်ရွယ်ပြီး ‘သွေးချင်းတို့ရဲ့ပွဲတော်ဆီ ” ဆိုတဲ့ခေါင်းစဉ်နဲ့ ပွဲတော်ကို ဒီကနေ့ ရန်ကုန်မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကနေဦးစီးကျင်းပတဲ့ ပွဲတော်ကို ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ ကျင်းပနေတာဖြစ်ပြီး ဇန်န၀ါရီ ၂၅ ရက်ကနေ ၃၀ ရက်အထိ ၆ ရက်တာ ကျင်းပမှာဖြစ်ပါတယ်။ ဒီမနက် ပွဲတော် ဖွင့်ပွဲအခမ်းအနားမှာ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ပါတယ်။ ပွဲတော်အတွင်းတိုင်းရင်းသားတွေရဲ့ အကအလှဖျော်ဖြေမှုတွေ၊ ရိုးရာအစားအသောက်တွေ၊ LED မီးအလှတွေ၊ အငြိမ့်ဖော်ျဖြေပွဲ၊ လက်ဝှေ့ပွဲအပြင် တိုင်းရင်းသားမျိုးနွယ်စု သီးသီးက ကိုယ်စားပြု ရွေးချယ်ထားတဲ့ Miss Ethnic Myanmar အလှမယ်ပြိုင်ပွဲလည်း ကျင်းပမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားရိုးရာပစ္စည်းတွေ ရောင်းချတဲ့ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်၊ အစားအသောက်ရောင်းချမယ့် ဆိုင်ခန်းပေါင်း ၄၀ကျော်၊ ကုမ္ပဏီပြခန်း ပေါင်း ၄၀ နဲ့ လူသုံးကုန်ပစ္စည်းတွေ ရောင်းချမယ့် ညဈေးဆိုင်းခန်းပေါင်း ၂၀၀ ခင်းကျင်းရောင်းချသွားမှာပါ။
2 years Ago

January 9, 2019

တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပွဲတော် ကျပ်သိန်း ၇၀၀၀ နီးပါး အကုန်အကျခံကျင်းပမည်

ကျပ်သိန်းပေါင်း ၇၀၀၀ လောက် အကုန်အကျခံကျင်းပမယ့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြပွဲနဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော်ကို  ရန်ကုန်မှာ ခုလကုန်ပိုင်း ကျင်းပသွား ဖို့ရှိပါတယ်။ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအဖွဲ့က ကြီးမှူးကျင်းပတဲ့ အဲဒီပွဲတော်ကို ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းမှာ ဇန်နဝါရီလ ၂၅ ရက်ကနေ ၃၀ ရက်အထိ ၆ ရက် ကျင်းပသွားမှာပါ။ သွေးချင်းတို့ရဲ့ပွဲတော်ဆီလို့ အမည်ပေးထားတဲ့ ဒီပွဲတော်မှာ တိုင်းရင်းသားအားလုံး တွေ့ဆုံပြီး စည်းလုံးညီညွှတ်မှု၊ ငြိမ်းချမ်းရေးမှုနဲ့ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို ပြသနိုင်ဖို့ ရည်ရွယ်ကျင်းပတာလို့ ပွဲတော်ကျင်းပရေးကော်မတီက မနေ့က ရန်ကုန်မှာ သတင်းစာရှင်းလင်းပြောပါတယ်။ ပွဲတော်မှာတော့ ဖျော်ဖြေရေးအစီအစဉ်တွေ၊ ဈေးရောင်းပွဲတော်တွေနဲ့ တိုင်းရင်းသား အလှမယ်ရွေးချယ်ပွဲတွေပါ ထည့်သွင်းကျင်းပသွားမှာဖြစ်ပါတယ်။ ပွဲတော်လုံခြုံရေးအတွက် အစိုးရရဲ့ လုံခြုံရေးအပြင် ကုမ္ပဏီက ငှားရမ်းထားတဲ့ လုံခြုံရေး အယောက် ၁၀၀ ကျော်နဲ့ CCTV အလုံးပေါင်း ၅၀ ကျော် တပ်ဆင်သွားဖို့လည်း ရှိပါတယ်။
2 years Ago
Up