တိုင်းရင်းသားရေးရာဝန်ကြီးဟာ တကယ်လုပ်နိုင်တဲ့ အရည်အချင်းရှိဖို့ လိုပါတယ် - ဦးစောစေးဝါး

May 30, 2017

ခွဲမထွက်ရစကားလုံး အစိုးရကို အခက်တွေ့စေဟု တိုင်းရင်းသားရေးရာဝန်ကြီးပြော (ရုပ်သံ)

ခွဲမထွက်ရ စကားလုံးဟာ အရင်အစိုးရလက်ထက်က သဘောတူခဲ့ပြီးမှ အခုပြင်ဆင်ဖို့ လုပ်တာဟာ လက်ရှိအစိုးရကို အခက်အခဲဖြစ်စေတယ်လို့ တိုင်းရင်းသားလူမျိုးရေးရာ ပြည်ထောင်စု ၀န်ကြီး နိုင်သက်လွင်က ပြောပါတယ်။ နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှမည်သည့်အခါမှ ခွဲမထွက်ရ ဆိုတဲ့ စကားလုံးဟာ အရင်အစိုးရလက်ထက်ကတည်းက သဘောတူလာခဲ့ပြီးမှ အခုမှပြင်ဆင်ဖို့ လုပ်တာဟာ လက်ရှိအစိုးရအတွက် အခက်အခဲဖြစ်စေတယ်လို့ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က နေပြည်တော်မှာ ကျင်းပပြီးစီးသွားတဲ့ ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံနောက်ဆုံးနေ့မှာ ပြောဆိုလိုက်တာပါ။ ခွဲမထွက်ရစကားလုံးအစား တိုင်းရင်းသား ၁၃၅ မျိုးလုံးခွဲထွက်ချင်တဲ့ဆန္ဒမရှိကြပါဘူးဆိုတဲ့ စကားစုကို ရွေးချယ်ပြီး ဆွေးနွေးကြဖို့လိုတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက အကြံပြုပြောပါတယ်။ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် ရဲ့ ပြောကြားချက် အပြည့်အစုံ…..
4 years Ago

March 15, 2017

“ငါ့သမီးဖြစ်နေတော့ ပိုဆိုးတာပေါ့” တိုင်းရင်းသားရေးရာဝန်ကြီးနိုင်သက်လွင် (ရုပ်သံ)

မွန်ပြည်နယ် မော်လမြိုင်နဲ့ ချောင်းဆုံမြို့နယ်ကို ဆက်သွယ်ထားတဲ့ သံလွင်မြစ်ကူးတံတား အမည်ကို ပြည်သူ့လွှတ်တော်မှာ မဲခွဲပြီး ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပေး အတည်ပြုလိုက်တဲ့အပေါ်  အဆိုတင်သွင်းခဲ့တဲ့ ပေါင်မြို့နယ် လွှတ်တော်အမတ် မိကွန်ချမ်းရဲ့ဖခင်ဖြစ်တဲ့  တိုင်းရင်းသားရေးရာဝန်ကြီး နိုင်သက်လွင်ကခုလိုပြောပါတယ်။   “အမှန်ဆို ဒီပြဿနာက သေးသေးလေးက လွှတ်တော်ထဲ ရောက်စရာလည်း အကြောင်းမရှိဘူး။  အဲဒီကရှိတဲ့ ဒေသခံနဲ့ အစိုးရနဲ့ သူ့ဟာသူ သင့်တော်သလို ဆွေးနွေးတိုင်ပင် ညှိနှိုင်းပြီးတော့ ကောင်းတဲ့၊ သင့်တော်တဲ့ နာမည်တခု ဖြစ်သွားရင်တော့ ပြီးတာပဲပေါ့။ အခုကျတော့ လွှတ်တော်အထိ တက်လာတဲ့အခါကျတော့ လူတွေက ဝေဖန်ကြတာပေါ့။ အရင်တုန်းက ကြံ့ဖွံ့ကို ဝေဖန်သလိုပေါ့။ ဒီမိုကရေစီ အနိုင်ကျင့်တာတို့ ဘာတို့ အဲလို ဖြစ်လာတယ်။ မကောင်းဘူးပေါ့။ ဟိုဟာ ဒီဟာ အလကား ငြင်းကြပြီးတော့ လူမျိုးရေးလည်း မုန်းတီးကြမယ်။ အဖွဲ့အစည်းကရော၊ တယောက်နဲ့ တယောက်ရော အထင်အမြင်တွေ လွဲကြတော့မယ်။ မသိတော့ ဒီအပေါ်မှာ သူတို့က ထောက်ခံတယ်၊ အဆိုသွင်းတယ်။ အဆိုသွင်းတဲ့လူကလည်း ငါ့သမီးဖြစ်နေတာ့ ပိုဆိုးတာပေါ့။” မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့နယ်အကြား သံလွင်မြစ်ပေါ်မှာထိုးထားတဲ့ တံတားအမည်ကို ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးရေး အဆိုနဲ့ပတ်သတ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး ဆွေးနွေးခဲ့ပါတယ်။ တပ်မတော်ကိုယ်စားလှယ်တဦးကတော့ ပြည်သူ့ဆန္ဒကို အလေးထားဖို့ တင်ပြဆွေးနွေးခဲ့ပြီး မဲခွဲဆုံးဖြတ်တဲ့အခါမှာတော့ တပ်မတော်သားကိုယ်စားလှယ်တွေအနေနဲ့ ထောက်ခံ၊ ကန့်ကွက်တာမျိုး မရှိဘဲ ကြားနေအဖြစ်သာ ဆန္ဒပြုခဲ့တယ်လို့ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဇော်ဇော်မိုးက ပြောပါတယ်။ တံတားအမည်ကို ဗိုလ်ချုပ်အောင်ဆန်း အမည်မှည့်ခေါ်ဖို့ လွှတ်တော်က ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး   မွန်အမျိုးသားထုတရပ်လုံးက လာမယ့် တနင်္ဂနွေနေ့ မော်လမြိုင်မြို့မှာ  လူထုဆန္ဒပြပွဲကြီးတရပ် ပြုလုပ်ပြီး ကန့်ကွက်ဖို့ စီစဉ်နေပါတယ်။
4 years Ago
Up