တိုကျိုမြို့

January 3, 2021

ကိုဗစ်ကူးစက်မှု မြင့်လာသဖြင့် တိုကျိုမြို့ကို အရေးပေါ်အခြေအနေ ကြေညာပေးရန် တောင်းဆို

ဂျပန်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ တဖန်ခေါင်းထောင်ခဲ့ပြီးနောက် ဇန်နဝါရီ ၂ ရက်က တိုကျိုနဲ့ တခြားစီရင်စု အုပ်ချုပ်ရေးမှူး ၃ ဦးက အရေးပေါ်အခြေအနေကြေညာဖို့ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။  တိုကျိုအုပ်ချုပ်ရေးမှူး ယူရီကို ခိုအီခဲက လူတွေသွားလာမှုကို ချက်ချင်းလျှော့ချဖို့ လိုအပ်တယ်လို့ ထင်မြင်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။  ခိုအီခဲနဲ့ တခြားအုပ်ချုပ်ရေးမှူး ၃ ယောက်ကလည်း အရေးပေါ်အခြေအနေကို ထည့်စဉ်းစားဖို့ စီးပွားရေးဝန်ကြီး နီရှီမူရကို ပူးတွဲမေတ္တာရပ်ခံခဲ့ပါတယ်။  သတင်းစာရှင်းလင်းပွဲမှာ ရှိနေတဲ့ စီးပွားရေးဝန်ကြီး နီရှီမူရကလည်း အစိုးရအနေနဲ့ မေတ္တာရပ်ခံချက်ကို ထည့်စဉ်းစားမှာဖြစ်ပြီး မကြေညာမီ ကျွမ်းကျင်သူတွေရဲ့ မှတ်ချက်စကားကို ကြားသိဖို့လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။  ဒီဇင်ဘာလ ၃၁ ရက်က တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁,၃၃၇ ယောက်နဲ့ စံချိန်တင်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့စံချိန်တင် ကူးစက်သူပေါင်း ၄,၅၂၀ ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
4 months Ago

October 3, 2020

တိုကျိုမြို့၌ မြန်မာနိုင်ငံသားများ ကြိုတင်မဲ စပေး

နိုဝင်ဘာ ၈ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ တိုကျိုမြို့ရှိ မြန်မာသံရုံးမှာ အောက်တိုဘာ ၃ ရက်နေ့ မနက် ၉ နာရီခန့်က စတင်ကာ ကြိုတင်ဆန္ဒမဲ လာပေးနေကြပါတယ်။ ယိုကိုဟားမား ကနေ ကြိုတင်မဲလာရောက်ပေးသူ ကိုအောင်အောင်ကတော့ ကိုဗစ်ကာလဆိုပေမယ့် မဲပေးရတာ တကယ်ကို အရမ်းဆင်ပြေကြောင်း၊ သံရုံးအတွင်း မဲရုံမှာ တဦးနဲ့တဦး အကွာအဝေး အချိန်တို့ ခွဲခြားထားပြီး စနစ်တကျရှိတယ်လို့ ပြောပါတယ်။  ဒါ့အပြင် တိုကျိုသံရုံးနဲ့အနီးဆုံး ဘူတာမှာ လုပ်အားပေး ကားတွေနဲ့ အကြိုအပို့လုပ်နေကေတာကြောင့် အသွားအလာလည်း အဆင်ပြေတယ်လို့ ဆိုပါတယ်။ ကြိုတင်မဲလာပေးသူ ဂျပန်ရောက်မြန်နိုင်ငံသားတွေကို မြန်မာသံအမတ်ကြီးကိုယ်တိုင် မဲပေးရမယ့်ပုံစံ၊ လိုက်နာရမယ့်စည်းကမ်းတွေကို ရှင်းလင်းပြောဆိုခဲ့တယ်လို့လည်း ကိုအောင်အောင်က ဒီဗွီဘီ ပြောပါတယ်။ မဲရုံပိတ်ပါက သတ်မှတ်ချက်တွေနဲ့အညီ မဲတွေကို စနစ်တကျစစ်ဆေးကာ မြန်မာသံအမတ်ကြီးခွင့်ပြုချက်နဲ့ တရားဝင် ဆန္ဒမဲအရေအတွက်တွေကို ထုတ်ပြန်ကြေညာသွားပါမယ်လို့ သံးရုံး ပထမ အတွင်းဝန် ဦးအောင်စိုးမိုးက ဒီဗွီဘီကို ပြောပါတယ်။ မြန်မာနိုင်ငံသားတွေ ဂျပန်နိုင်ငံ နေရာအနှံအပြားမှာ ရောက်ရှိနေကြတာကြောင့် တိုကျိုမြို့တော်နဲ့ ကန်တိုဒေသနေထိုင်သူတွေကို အောက်တိုဘာ ၃ ရက်နေ့ကမှ ၉ ရက်နေ့အထိ၊ ကျန်‌ပြည်နယ်တွေမှာ နေထိုင်သူတွေကို အောက်တိုဘာ ၁၀ ရက်ကနေ ၁၄ ရက်နေ့အထိ သံရုံးမှာ လာရောက်ပေးနိုင်တယ်လို့ ကြေညာထားပါတယ်။ မြန်မာနိုင်ငံသားများ ဒုတိယအများဆုံး နေထိုင်ကြတဲ့ Tokai ဒေသရှိ မြန်မာနိုင်ငံသား မဲဆန္ဒရှင်တွေအတွင် မဲရုံခွဲကို နဂိုယာမြို့ရှိ  မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံးမှာ ဖွင့်လှစ်မှာဖြစ်ပြီး ကြိုတင်မဲကို အောက်တိုဘာ ၁၀ ရက်ကနေ ၁၁ ရက်အထိ ပေးနိုင်တယ်လို့ ဆိုပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခွင့်တောင်းခံတဲ့ ပုံစံ (၁၅) ကို ဂျပန်နိုင်ငံရောက်  မြန်မာနိုင်ငံသား ၁ သောင်းလောက်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို  ပေးပို့ခဲ့ပြီး ၈ ထောင်ကျော်မဲပေးခွင့် ရရှိတယ်လို့  သိရပါတယ်။
7 months Ago
More News
Up