တိုက်ပွဲ

June 11, 2021

ချင်းပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင် ၂၇ ဦးသေဆုံး

ချင်းပြည်နယ် ထန်တလန်မြို့နယ်မှာ ဇွန်လ ၁၀ ရက် မနက် ၁၀ နာရီလောက်က CDF-ထန်တလန်နဲ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က  ဗိုလ်ကြီး တစ်ယောက်အပါအဝင် ၁၇ ယောက် ကျဆုံးသွားတယ်လို့ CDF အဖွဲ့က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ  ဇွန်လ ၈ ရက်နေ့ကတည်းက ထန်တလန်မြို့နယ် ခွာဟရီန်း တောင်ကြောတစ်လျှောက် အင်အားဖြည့် ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲ ဖြစ်ပွားရတာလို့ ဆိုပါတယ်။

ဒါ့အပြင် ဇွန်လ ၁၀ ရက် ညနေ ၃ နာရီလောက်မှာလည်း ဟားခါးမြို့နဲ့ ဂန့်ဂေါမြို့အကြား အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ CDF-Hakha တပ်ရင်းအကြား ပစ်ခတ်တိုက်ခိုက်မှု ရှိခဲ့ပြီးတော့ စစ်ကောင်စီဘက်က ၁၀ ယောက်သေဆုံးခဲ့ပြီး CDF-Hakha ဘက်မှ ထိခိုက်သေဆုံးမှုမရှိခဲ့ဘူးလို့ ထပ်မံထုတ်ပြန်ထားပါတယ်။

2 days Ago

June 7, 2021

ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကျည်းပင်ရွာနဲ့ဖလံရွာ နှစ်ရွာကြားမှာ ဇွန် ၇ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ပုလဲမြို့ခံတွေဆီက သိရပါတယ်။

မနေ့ညက စစ်ကောင်စီကခန့်တဲ့ ကျောင်းဆရာနဲ့ ကျည်းပင်ရွာခံက လူငယ်တွေစကား များပြီး ကျောင်းဆရာရဲ့ သတင်းပေးတိုင်ကြားချက်ကြောင့် စစ်ကောင်စီတပ်တွေက လူငယ်တွေကို လာရောက်ဖမ်းဆီးရာမှ တိုက်ပွဲဖြစ်ခဲ့တာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။ 

"ရွာကကလေးတွေကိုဖမ်းလို့ စစ်ကောင်စီတပ်တွေနဲ့ ဒီနေ့ နေ့လယ်တစ်နာရီခွဲလောက်မှာ ပြည်သူ့ကာကွယ်ရေးတဖွဲ့နဲ့တိုက်ပွဲ ဖြစ်တာဗျ”။ 

တိုက်ပွဲဖြစ်ပွားရာမှာ ပြည်သူဘက်ကတော့ ထိခိုက်အကျအဆုံးမရှိဘဲ စစ်ကောင်စီဘက်ကတော့ ရဲနှစ်ယောက်အပြင်းထန်ဒဏ်ရာရလို့ ပုလဲ ပြည်သူ့ ဆေးရုံမှာတင်ထားရတယ်လို့လည်း ပြောပါတယ်။ 

5 days Ago
More News
Up