တိုက်စစ်မှူး

January 21, 2021

တိုက်စစ်မှူး ၂ ဦး  ခေါ်ယူပေးရန် ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ် တောင်းဆို

ဝက်စ်ဟမ်းအသင်းဟာ တိုက်စစ်မှူး ဟော်လာကို အေဂျက်ဇ်အသင်းဆီ ရောင်းချခဲ့တာ ကြောင့် အစားထိုးအသုံးပြုနိုင်မယ့် တိုက်စစ်စားသမားသစ် တစ်ဦး ရှာဖွေနေပါတယ်။ လက်ရှိအချိန်မှာတော့  ချန်ပီယံရှစ်ကလပ် ဘုန်းမောက်တိုက်စစ်မှူး ဂျိုရူအာကင်းနဲ့ ဘလက်ဘန်းတိုက်စစ်ကစားသမား အဒမ်အမ်းစတောင်းတို့ကို ခေါ်ယူပေးဖို့ နည်းပြ မိုယက်စ်က တောင်းဆိုထားတာပါ။  ဝက်စ်ဟမ်းအသင်းဟာ ပွဲစဉ် ၁၉ ပွဲအပြီးမှာ ၉ ပွဲနိုင် ၅ ပွဲ သရေ ၅ပွဲ ရှုံးနိမ့်ထားပြီး အဆင့်၇ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။  တိုက်စစ်မှူး တစ်ဦးခေါ်ယူချင်သလားဆိုရင်တော့ တစ်ဦးခေါ်ယူဖို့ စိတ်ဝင်စားပြီး သေချာ ရွေးချယ်သွားရမှာ ဖြစ်တယ်လို့ မိုယက်စ်က ပြောပါတယ်။  ဝက်စ်ဟမ်းအသင်းဟာ မနှစ်က ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းပြနေတဲ့ ဖရန့်ဖတ်တိုက်စစ်မှူး လာကာဂျိုဗစ်ကို ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။ 
4 months Ago

January 19, 2021

ဝက်စ်ဟမ်းပိုင်ရှင်သစ်လက်ထက် ခေါ်ခဲ့သည့် တိုက်စစ်မှူး ၄၉ ဦးတွင် ၂၁ ဦးက ဂိုးမသွင်းနိုင်ခဲ့

ဝက်စ်ဟမ်းအသင်းဟာ ပိုင်ရှင်သစ်လက်ထက်မှာ တိုက်စစ်မှူး ၄၉ ဦးအထိ ခေါ်ယူခဲ့ပြီး ၂၁ ဦးက ဂိုးမသွင်းနိုင်ခဲ့ဘူးလို့ သိရပါတယ်။ ၄၉ ဦးမြောက် တိုက်စစ်မှူးအဖြစ် ဂျာရော့ဘော်ဝင်ကို ခေါ်ယူပြီး အသုံးပြုနေသလို ၄၈ ဦးမြောက် တိုက်စစ်မှူးဖြစ်သူ ဟော်လာကိုတော့ ပြီးခဲ့တဲ့တစ်ပတ်ကပဲ အေဂျက်ဇ်အသင်းဆီ ပြန်လည်ရောင်းချခဲ့ပါတယ်။   ၂၀၁၀ ခုနှစ်မှာ အသင်းပိုင်ရှင်းသစ်တွေဖြစ်တဲ့ ဒေးဗစ်ဂိုးလ်နဲ့ ဒေးဗစ်ဆူလီဗန်တို့က ဝယ်ယူခဲ့ပြီး အဲဒီနှစ်မှာပဲ တန်းဆင်းဇုန်က လွတ်မြောက်ဖို့ တိုက်စစ်မှူး ၄ ဦးခေါ်ယူခဲ့ပါတယ်။  ဂိုးမသွင်းနိုင်ခဲ့တဲ့ တိုက်စစ်မှူး ၂၁ ဦးထဲမှာ ဘိုရိုမှာ ခြေစွမ်းပြခဲ့တဲ့ မီဒို၊ အာဆင်နယ်တိုက်စစ်မှူးဟောင်း ချာမက်၊ အီတလီတိုက်စစ်မှူးတွေဖြစ်တဲ့ ဆိုင်မွန်ဇာဇာ နဲ့ ဘော်ရီလိုတို့လို ကစားသမားတွေလည်း ပါဝင်ခဲ့ပါတယ်။  ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်ကာလအတွင်း တိုက်စစ်မှူး ၄၉ ဦးအတွက် ပေါင် ၂၂၃ သန်း အသုံးပြုခဲ့ရပြီး ၂၈၉ ဂိုး သွင်းဂိုးရခဲ့ပါတယ်။  လတ်တလောမှာလည်း ဟော်လန်ကို ရောင်းချခဲ့တာကြောင့် တိုက်စစ်မှူးသစ် ထပ်ခေါ်ဖို့ ဝက်စ်ဟမ်းအသင်းက ပြင်ဆင်နေပါတယ်။
4 months Ago
More News
Up