တိုက်ခိုက်

May 2, 2021

ဖမ်းဆီထားသူများအား ပြန်မလွှတ်ပါက စစ်ကောင်စီကို တိုက်ခိုက်မည်ဟု CDF ကြေညာ

ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ ပြည်သူတွေအပေါ် အကြမ်းဖက်စစ်ကောင်စီက မတရား ဖိနှိပ်တဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ ချင်းလဲန်းကာကွယ်ရေးတပ်(ပလက်ဝ) က မေ ၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အာဏာလုစစ်ကောင်စီက မတရားဖမ်းဆီးခံထားရသူတွေကို မေလ ၂  ရက် ညနေ ၄ နာရီ နောက်ဆုံးထား ပြန်မလွှတ်ပေးပါက Chinland Defense Force(CDF-Hakha) အနေနဲ့ အကြမ်းဖက် စစ်ကောင်စီကို လိုအပ်တဲ့ စစ်ဆင်တိုက်ခိုက်ရေးတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မတရားအာဏာသိမ်းထားတဲ့ စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ ဘေးရန်ကနေ ကာကွယ်ဖို့ ချင်းလဲန်းကာကွယ်ရေးတပ်(ပလက်ဝ)  Chinland Defense Force(Paletwa) ကို ဧပြီ ၂၈ ရက်မှာ  စတင် ဖွဲ့ စည်းခဲ့တာပါ။

1 week Ago

April 30, 2021

အလောဘွမ်စခန်းကို အကြမ်းဖက်တပ်ဖွဲ့က လေကြောင်းမှ အပြင်းအထန်ဆက်လက်တိုက်ခိုက်နေ

အလောဘွမ်တောင်စခန်းကို  စစ်ကောင်စီရဲ့ လေတပ်က ဂျက်တိုက်လေယာဉ် ၉ စီးလောက်နဲ့  ဒီနေ့ ဧပြီ ၃၀ မှာ အပြင်းအထန် လာရောက်ပစ်ခတ်နေတယ်လို့ ကေအိုင်အိုသတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေက  သူတို့ဆုံးရှုံးထားတဲ့ အလောဘွမ်တောင်ကုန်း ပြန်လည်ရရှိရေး  မြေပြင်ထိုးစစ်ဆင်တာတွေ လုပ်ခဲ့ရာမှာ အကျအဆုံး များခဲ့ပြီး မသိမ်းနိုင်သေးတဲ့အတွက် အခုလို လေကြောင်းကနေ လာရောက်တိုက်ခိုက်နေတာလို့ သူက ပြောပါတယ်။

ဒီနေ့ တိုက်လေယာဉ်တွေနဲ့ ၅ ကြိမ်လောက် လာရောက်ပစ်ခတ်ခဲ့သလို လက်နက်ကြီးနဲ့လည်း ပစ်ခတ်တာတွေရှိပြီး အထိအခိုက်အကျအဆုံး ရှိ၊ မရှိကိုတော့ မသိရသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ 

ပစ်ခတ်မှုတွေကြောင့် အနီးနား ရွာတွေက ဒေသခံပြည်သူတွေ မြို့ပေါ်တွေနဲ့ လုံခြုံရာကို ရွှေ့ပြောင်းနေကြရပါတယ်။

အလောဘွမ်တောင်ကုန်းကို ကေအိုင်အေက သိမ်းပိုက်ထားတာ တစ်လကျော်ကြာပြီဖြစ်ပြီး အကြမ်းဖက်စစ်တပ်က မြေပြင်နဲ့ ဝေဟင်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ နေ့စဉ် အပြင်းအထန် ပြုလုပ်နေပေမယ့် အကျအဆုံးသာများနေပြီး ပြန်လည်သိမ်းယူနိုင်ခြင်းတော့ မရှိသေးပါဘူး။

2 weeks Ago
More News
Up