တိုက်ခတ်

December 7, 2020

ဘေရွတ်မြို့တွင် မိုးသီးမုန်တိုင်း တိုက်ခတ် (ရုပ်သံ)

လက်ဘနွန်နိုင်ငံရဲ့မြို့တော် ဘေရွတ်မှာ ဒီဇင်ဘာ ၅ ရက်က မိုးသီးမုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့လို့ တချို့နေရာတွေက လမ်းတွေ ဖြူဖွေးသွားပြီး ရေဘေးသင့်ခဲ့တဲ့အတွက် ဒေသခံတွေ အံ့အားသင့်ခဲ့ကြပါတယ်။  လမ်းတွေထဲမှာ မိုးသီးတွေ ပြည့်နေပြီး မိုးသီးတွေ မျောပါနေတဲ့ ရေတွေ လမ်းတလျှောက် စီးဆင်းနေတဲ့ ပုံရိပ်တွေကို ရိုက်တာသတင်းဌာနက ထုတ်လွှင့်ပါတယ်။  ဘေရွတ်မှာ မိုးသီးမုန်တိုင်း နောက်ဆုံးကျခဲ့တာ ၁၉၆၈ ခုနှစ်ကလို့ လက်ဘနွန် မိုးလေဝသ ဟောကိန်းဌာန တည်ထောင်သူ အီးလီးယပ်စ်ဆာဒါက မီဒီယာကို ပြောပါတယ်။  သြဂုတ် ၄ ရက် ဘေရွတ်ဆိပ်ကမ်း ပေါက်ကွဲမှုကြောင့် လူ ၃ သိန်း အိုးအိမ်မဲ့ ဖြစ်နေချိန်မှာ နှင်းနဲ့ မိုးတွေ ရွာကျခဲ့တာလည်း ဖြစ်ပါတယ်။ 
5 months Ago

October 24, 2020

တရုတ်နိုင်ငံမှ အဝါရောင်ဖုန်မှုန်များ တိုက်ခတ်မှု မြောက်ကိုရီးယားသတိပေး

တရုတ်နိုင်ငံက ရာသီအလိုက်တိုက်ခတ်လာတဲ့ အဝါရောင်ဖုန်မှုန်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ပါလာနိုင်တာမို့   မြောက်ကိုရီးယားနိုင်ငံသားတွေ  အိမ်ထဲမှာပဲ နေကြဖို့ နိုင်ငံပိုင် ရုပ်သံ KRTက ကြေညာခဲ့ပါတယ်။  အဝါရောင် ဖုန်မှုန်တွေမှာ ဓာတုပစ္စည်းတွေနဲ့ ဗိုင်းရပ်စ်ပါလာနိုင်တဲ့ ပိုးမွှားတွေ စတဲ့ အန္တရာယ်ရှိ ပစ္စည်းတွေ  ပါလာနိုင်တယ်လို့  အောက်တိုဘာ ၂၁ ရက်မှာ KRTက ကြေညာခဲ့တာပါ။  အောက်တိုဘာ ၂၂ ရက်ထုတ် ရိုဒေါင်ဆီမွန်းသတင်းစာမှာလည်း  ကမ္ဘာတဝှမ်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်တာတွေ ဆက်ဖြစ်နေပြီး အဝါရောင်ဖုန်မှုန်တွေနဲ့ ပတ်သက်လို့ ဖြေရှင်း ဆောင်ရွက်ဖို့နဲ့ စေ့စပ်သေချာတဲ့ အစီအမံတွေ လုပ်ဆောင်ဖို့ ပိုမိုအရေးကြီးတယ်လို့ ဖော်ပြ ပါတယ်။   မြောက်ကိုရီးယားကနေ မိုင် ၁၂၀၀ ခန့်ဝေးတဲ့ တရုတ်နိုင်ငံမြောက်ပိုင်း ဂိုဘီကန္တာရက တိုက်ခတ်လာတဲ့ အဝါရောင်ဖုန်မှုန်ထဲမှာ ဗိုင်းရပ်စ်ပါလာနိုင်တယ်ဆိုတဲ့ ပြောဆိုချက်ဟာ  အထောက်အထားတွေအရ  ခိုင်လုံမှု မရှိပါဘူး။  မြောက်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားသူ မရှိဘူးလို့ အစိုးရက ထုတ်ပြန်ထားပြီး အဲဒီအပေါ်မှာ ကျန်းမာရေးကျွမ်းကျင်သူတွေက မေးခွန်းထုတ်ထားပါတယ်။  မြောက်ကိုရီးယားအစိုးရဟာ ရောဂါကို ကြိုတင်ကာကွယ်ဖို့ နယ်စပ်ထိန်းချုပ်ရေးနဲ့ ကွာရန်တင်း အစီအမံတွေကို တင်းတင်းကျပ်ကျပ် ထုတ်ပြန်ထားပါတယ်။  တကယ်လို့ ကိုရိုနာဗိုင်းရပ်စ်သာဖြစ်ခဲ့ရင် စီးပွားရေးနဲ့ နိုင်ငံရေးအရ  အထီးကျန်နေတဲ့ မြောက်ကိုရီးယားအဖို့ အကြီးအကျယ် ထိခိုက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။  
7 months Ago
More News
Up