တိုက်ကြီး

May 17, 2019

တိုက်ကြီးတွင် စက်ရုံကြို/ပို့သုံးဘီးဆိုင်ကယ်တိမ်းမှောက်၊ ၁၇ ဦး ဒဏ်ရာရ

တိုက်ကြီးမြို့နယ်၊ ပုတ္တကျေးရွာကနေ မှော်ဘီ MGE အထည်ချုပ်စက်ရုံကို ကြို/ပို့ပြု လုပ်နေတဲ့ သုံးဘီးဆိုင်ကယ် ဒီနေ့မနက်ပိုင်းက တိမ်းမှောက်မှုဖြစ်ပွားခဲ့တာကြောင့် ၁၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ယာဉ်မောင်း သန့်ဇင်အောင် မောင်းနှင်လာတဲ့ သုံးဘီးဆိုင်ကယ်မှာ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် ၄၅ နဲ့ ၄၆ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာပါ။ ယာဉ်တိမ်းမှောက်မူကြောင့် ယာဉ်မောင်း အပါအဝင် ယာဉ်ပေါ်လိုက်ပါလာတဲ့ စက်ရုံဝန်ထမ်း ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသမီး ၅ ဦးကတော့ စိုးရိမ်ရလို့ အင်းစိန်ဆေးရုံကို ပို့ဆောင်ကုသထားရပါတယ်။ ယာဉ်မောင်းအပါအဝင် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၉ ဦးကိုကတော့ တိုက်ကြီးဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။ သတင်း-မေသွယ်
2 years Ago

January 25, 2019

တိုက်ကြီးတွင် အသက် ၇ အရွယ် မိန်းကလေးငယ်အား အဓမ္မကျင့်ရန်ကြံစည်သူကို ဖမ်းဆီး

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်၊ တမိုင်ဝန်ထမ်းကွက်သစ်အိမ်ရာမှာ အသက် ၇ နှစ် အရွယ် ပထမတန်းကျောင်းသူကို အဓမ္မပြုကျင့်ဖို့ ကြံစည်တဲ့ အမျိုးသားတဦးကို တိုက်ကြီးမြို့မရဲစခန်းက ဖမ်းဆီးအမှုဖွင့်အရေးယူထားပါတယ်။ ဇန်နဝါရီ ၂၃ ရက်က မိန်းကလေးငယ်ရဲ့ ဖခင်ဖြစ်သူနဲ့ ကျော်စိုးဝင်း (ခ) ရွှေပု ဆိုသူတို့ နေအိမ်မှာအတူရှိနေပြီး ဖခင်ဖြစ်သူက အသက် ၅ နှစ်အရွယ် သမီးငယ်ကိုခေါ်ကာ အပြင်ထွက်သွားချိန်မှာ ကျော်စိုးဝင်က ၇ နှစ်အရွယ် သမီးကို အဓမ္မပြုကျင့်ဖို့ ကြံစည်နေစဉ် အစ်ကိုဖြစ်သူရောက်လာပြီး ညီမဖြစ်သူကို အတင်းဆွဲခေါ် ထွက်ပြေးခဲ့တာပါ။ ကလေးငယ်ရဲ့မိခင်က အမှုဖွင့်တိုင်ကြားခဲ့တဲ့အတွက် တိုက်ကြီးမြို့မရဲစခန်းက ကျော်စိုးဝင်း(ခ)ရွှေပုကို ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၇၆/၅၁၁ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း-မေသွယ်
2 years Ago
More News
Up