တာဝန်ယူ

June 11, 2020

မြောက်ကိုရီးယား မူဝါဒခေါင်းဆောင်အဖြစ် ကင်ယိုဂျုံတာဝန်ယူနေဟု နိုင်ငံရေးလေ့လာသူများ သုံးသပ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ညီမ ကင်ယိုဂျုံဟာ တောင်ကိုရီးယားနိုင်ငံ အပေါ် ပိုအားပြင်းတဲ့ ဖိအားသစ်ပေးရာမှာ ခေါင်းဆောင်အခန်းကဏ္ဍကို ယူခဲ့တယ်လို့ နိုင်ငံရေးအကဲခတ်အချို့က သုံးသပ်ပါတယ်။ ဒါဟာ သူ့အစ်ကိုရဲ့ လက်ထောက်အဆင့်ကို ကျော်ပြီး မူဝါဒရေးရာအခန်းကဏ္ဍကို ထိထိရောက်ရောက် ယူလိုက်တာလို့ အကဲခတ်တွေကို ကိုးကားပြီး ရိုက်တာက ရေးပါတယ်။ အသက် ၃၀ စွန်းစွန်းလို့ ယုံကြည်ရတဲ့ ကင်ယိုဂျုံဟာ နိုင်ငံရေးမှာ လူသိရှင်ကြား အခန်းကဏ္ဍကပါနေတဲ့ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့တဦးတည်းသော ဆွေမျိုးလည်း ဖြစ်ပါတယ်။  ၂၀၁၈-၂၀၁၉ နိုင်ငံတကာသံခင်းတမန်ခင်းမှာ ကင်ယိုဂျုံဟာ ၂၀၁၈ ဆောင်းရာသီ အိုလံပစ် ပွဲရဲ့ ဦးဆောင် ကိုယ်စားလှယ်အဖြစ် ကမ္ဘာက အာရုံစိုက်တာကို ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဗီယက်နမ်နိုင်ငံက ထိပ်သီးညီလာခံ အတွက် ဘူတာရုံကနေ ညီလာခံကျင်းပရာ နေရာကို လာတဲ့လမ်းမှာ ကင်အတွက် ဆေးလိပ်ပြာခွက် ကိုင်ရင်း လိုက်လာတာအပါအဝင် သူ့အစ်ကိုအတွက် အရာအားလုံး ချောမွေ့စေဖို့ ပြင်ဆင်ပေးနေတာကို မကြာခဏ မြင်ကြရပါတယ်။ ဒီနှစ်မှာတော့ ကင်ယိုဂျုံဟာ မူဝါဒချမှတ်တဲ့ အခန်းကဏ္ဍမှာ ပိုပြီး လူသိရှင်ကြား နေရာယူလာပြီး သြဇာလွှမ်းနိုင်တဲ့ နိုင်ငံရေးကစားသူအဖြစ် သူ့ဆင့်အတန်းကို အခိုင်အမာ ယူခဲ့ပါတယ်။  ကင်ယိုဂျုံဟာ မြောက်ကိုရီးယား ဝါဒဖြန့်ချိရေးဌာနတွေအတွင်း နောက်ကွယ်ကနေ အလုပ်လုပ်ခဲ့သူပါ။  လူ့အခွင့်အရေး အလွဲသုံးစားလုပ်မှုနဲ့ ဆင်ဆာဖြတ်မှုတွေအတွက် ၂၀၁၇ မှာ ဒဏ်ခတ်ခံ အကြီးတန်း အရာရှိများ စာရင်းထဲမှာ အမေရိကန်အစိုးရက ကင်ယိုဂျုံကို ထည့်သွင်းခဲ့ရပါတယ်။
11 months Ago

June 1, 2020

ကမ်းလှမ်းမှုရှိပါက နည်းပြအဖြစ် စတင်တာဝန်ယူမည်ဟု ရှဝိန်းစတိုင်ဂါပြော

ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေရှိလာရင် နည်းပြအဖြစ် စတင်တာဝန်ယူဖို့ စဉ်းစားမယ်လို့ ဘိုင်ယန်မြူးနစ်နဲ့မန်ယူကွင်းလယ်လူဟောင်း ရှဝိန်းစတိုင်ဂါက ပြောပါတယ်။  ဂျာမနီကွင်းလယ်လူဟောင်း စတိုင်ဂါဟာ အမေရိကန်ကလပ် ချီကာဂိုဖိုင်းရားအသင်းမှာ ၃ နှစ်ကြာ ကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်က ကစားသမားဘဝကနေ အနားယူခဲ့တာပါ။  အသက် ၃၅ နှစ်ရှိ စတိုင်ဂါဟာ လက်ရှိအချိန်မှာ ဂျာမနီရုပ်သံ ARD မှာ သုံးသပ်တင် ဆက်သူအဖြစ် လုပ်ကိုင်နေတာပါ။  စတိုင်ဂါအနေနဲ့ နည်းပြလုပ်ဖို့ ရှိလားဆိုတဲ့မေးခွန်းအပေါ် ဖြေကြားရာမှာတော့ ကောင်းမွန်တဲ့ ကမ်းလှမ်းမူတွေရှိလာရင် နည်းပြဘဝကို ကူးပြောင်းဖို့ စဉ်းစားမယ်လို့ပြောခဲ့တာပါ။  ဘာပဲဆက်လက်လုပ်ဆောင်သည်ဖြစ်စေ အောင်မြင်မှုတွေ ရယူသွားချင်တယ်လို့လည်း စတိုင်ဂါက ပြောပါတယ်။  ဂျာမနီအသင်းကို ၂၀၁၄ ကမ္ဘာ့ ဖလားချန်ပီယံ ဆုဖလားရယူပေးခဲ့တဲ့ စတိုင်ဂါဟာ ဘိုင်ယန်အသင်းမှာ ၁၃ နှစ်ကြာ ကစားခဲ့ပြီး ဆုဖလား ၁၈ လုံးအထိ ရယူနိုင်ခဲ့ပါတယ်။ 
12 months Ago
Up