တာလီဘန်တပ်ဖွဲ့

May 2, 2020

အာဖဂန်တွင် ၄၅ ရက်အတွင်း တာလီဘန်တပ်ဖွဲ့၏ တိုက်ခိုက်မှု အကြိမ်ရေ ၄၅၀၀ ကျော်ရှိ

အမေရိကန်အစိုးရနဲ့ သဘောတူစာချုပ် စာချုပ် ချုပ်ဆိုထားတဲ့ ၄၅ ရက်အတွင်း အာဖဂန်မှာ တာလီဘန်တပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုတွေဟာ အကြိမ်ရေ ၄၅၀၀ ကျော်ရှိခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ မတ်လ ၁ ရက်နေ့နဲ့ ဧပြီ ၁၅ ရက်အတွင်း တာလီဘန်တွေရဲ့ တိုက်ခိုက်မှုဟာ မနှစ်က ဒီလိုအချိန်ထက်စာရင် ၇၀ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။   အဲဒီကာလအတွင်းမှာပဲ အာဖဂန်ဒေသဆိုင်ရာနဲ့ အမျိုးသားတပ်ဖွဲ့ဝင်  ၉၀၀ ကျော် သေဆုံးခဲ့တယ်လို့ အစိုးရ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက ဖော်ပြပါတယ်။   အဲဒီမတိုင်ခင်  တနှစ်က အာဖဂန် တပ်ဖွဲ့ဝင် အယောက် ၅၂၀ လောက်သာ သေဆုံးခဲ့တာမို့  သေဆုံးသူ တပ်ဖွဲ့ဝင် အရေအတွက် မြင့်တက်ခဲ့ပါတယ်။ ဒီကာလအတွင်း တာလီဘန်တပ်ဖွဲ့ဝင်တွေ သေဆုံးမှုက အယောက် ၆၁၀  ရှိခဲ့ပါတယ်။  အာဖဂန်မှာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ကပ်ဘေးအတွင်း လူသေဆုံးမှုအများဆုံးပြည်နယ် ၄ ခုမှာလည်း တာလီဘန်တွေရဲ့ တိုက်ခိုက်မှုက မြင့်တက်နေပါတယ်။  အာဖဂန်နစ္စတန်နိုင်ငံဟာ မေလ ၂ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေ ၂၃၃၅ ဦးနဲ့ သေဆုံးသူ ၆၈ ဦး ရှိထားတယ်လို့ သိရပါတယ်။
1 year Ago
Up