တရုတ်အလံ

April 9, 2021

အင်းစိန်၌ တရုတ်အလံ မီးရှို့ဆန္ဒပြသူများကို အကြမ်းဖက်စစ်တပ်လိုက်လံရှာဖွေ

တရုတ်အလံကို မီးရှို့ဆန္ဒပြခဲ့တဲ့ ရန်ကုန်၊ အင်းစိန် ဖော့ကန်က ရပ်ကွက်တွေထဲကို မနေ့ညက အကြမ်းဖက်စစ်သားတွေ ရောက်လာပြီး ဆန္ဒပြသူတွေကို လိုက်ရှာနေတယ်လို့ သိရပါတယ်။

"ဖော့ကန်က လမ်းတွေထဲ အကုန်ဝင်ပြီး​ သေနတ်ဖောက်နေတာ။ လူ ၄ ယောက်ကို ဖမ်းသွားတယ်" လို့ ဒေသခံတယောက်က ပြောပါတယ်။

အင်းစိန်မှာ ဧပြီ ၆ ရက်နေ့က တရုတ်အလံကို မီးရှို့ဆန္ဒပြခဲ့ကြပါတယ်။

4 weeks Ago

April 8, 2021

ကျိုက်ထိုမြို့၌ တရုတ်အလံနှင့် အကြမ်းဖက်စစ်ခေါင်းဆောင်၏ ဓာတ်ပုံကို မီးရှို့ဆန္ဒပြ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့က ကျောင်းသားနဲ့ ပြည်သူတွေဟာ ဧပြီ ၈ ရက်နေ့မှာ တရုတ်နိုင်ငံအလံ၊  အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးနဲ့  စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ ဓာတ်ပုံတွေကို မီးရှို့ ဆန္ဒပြခဲ့ကြပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာပြည်သူလူထုကို မကြည့်ဘဲ အာဏာသိမ်း စစ်ကောင်စီနဲ့အတူ ရပ်တည်နေတဲ့အတွက်ကြောင့် ကန့်ကွက်ရူတ်ချတဲ့အနေနဲ့ အခုလို လုပ်ဆောင်ရလို့ လူငယ်တစ်ဦးက ပြောတယ်။

ကျိုက်ထိုမှာတော့ ကျောင်းသား၊ ပြည်သူတွေဟာ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို သပိတ်မျိုးစုံပြုလုပ်ပြီး တော်လှန်နေတာဖြစ်ပြီး အရေးတော်ပုံကာလမှာ အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးထားပါတယ်။

4 weeks Ago
More News
Up