တရုတ်အမျိုးသားနေ့

October 2, 2020

တရုတ်အမျိုးသားနေ့ ဆန္ဒပြပွဲ မဖြစ်စေရန် လူဒါဇင်ချီ ဟောင်ကောင်ရဲဖမ်း

တရုတ်အမျိုးသားနေ့ ဆန္ဒပြပွဲတွေကို ကြိုတင်တားဆီးတဲ့အနေနဲ့  အောက်တိုဘာ ၁ ရက်က  ဟောင်ကောင်ရဲတပ်ဖွဲ့ဟာ လူပေါင်း ဒါဇင်နဲ့ချီ ဖမ်းဆီးခဲ့ပါတယ်။  မြို့လယ်မှာ  ရဲတပ်ဖွဲ့က လူ အယောက် ၅၀ ကျော်ကို ပလတ်စတစ်လက်ထိတ်တွေခတ်ပြီး  ဘတ်စ်ကားတွေပေါ်တင်တာ တွေ့ရပါတယ်။  ဆန္ဒပြသူတွေက တရုတ်အစိုးရပြဋ္ဌာန်းတဲ့ ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေကို  ဆန့်ကျင်ပြီး ပင်လယ်ပြင်မှာ တရုတ်အာဏာပိုင်တွေ ထိန်းသိမ်းထားတဲ့ ဟောင်ကောင်ဒေသခံ ၁၂ ယောက်ကို ပြန်ပို့ဖို့ တောင်းဆိုနေကြတာပါ။ ဟောင်ကောင်ရဲတပ်ဖွဲ့က  ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်တွေကို အကြောင်းပြပြီး ဆန္ဒပြပွဲ ကို ကြိုတင်တားမြစ်ထားတာပါ။  ဒါကြောင့် ဈေးဝယ်တွေနဲ့လမ်းသွားလမ်းလာတွေက ဒီမိုကရေစီကြွေးကြော်သံတွေကို ရံဖန်ရံခါ အော်ခဲ့ကြပေမယ့် လူစုလူဝေးကြီးကြီးမားမား မတွေ့ရဘူးလို့ ရိုက်တာက ဖော်ပြပါတယ်။
9 months Ago
Up