တရုတ်အစိုးရလိုလားသူ

May 18, 2020

ဟောင်ကောင်လွှတ်တော်တွင် တရုတ်အစိုးရလိုလားသူများနှင့်ဒီမိုကရေစီအမတ်များ ရုန်းရင်း ဆန်ခတ်ဖြစ်

ဟောင်ကောင်လွှတ်တော်မှာ ဒီမိုကရေစီလိုလားသူအမတ်တွေနဲ့ တရုတ်အစိုးရလိုလားသူ အမတ်တွေကြား မေလ ၁၈ ရက် လွှတ်တော်တွင်း အငြင်းအခုံတရပ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ ပါတယ် ။  အဓိက ကော်မတီတခု ဖွဲ့စည်းရေးမှာ ခေါင်းဆောင်မှုနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေကို မကျေလည်လို့ အငြင်းအခုံ ဖြစ်ခဲ့ရတာပါ။  တဦးနဲ့တဦး ထိုးကြိတ်မလို ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့အထဲက ဒီမိုကရေစီလိုလားသူ အမတ်နှစ်ဦးကို လုံခြုံရေးဝန်ထမ်းတွေက လွှတ်တော်ခန်းမထဲက ဆွဲထုတ်ပေးခဲ့ရပါတယ်။ လွှတ်တော်ကော်မတီရဲ့တာဝန်က ဥပဒေပြုကောင်စီမှာ စာရင်းတွေကို ဒုတိယအကြိမ် တင်သွင်းဖတ်ကြားစဉ် ဆန်းစစ်ပေးဖို့ ဖြစ်ပါတယ်။ ပြီးတော့ ကော်မတီရဲ့ဥက္ကဋ္ဌကို တင်မြှောက်ဖို့ ကိစ္စဟာလည်း ပြီးခဲ့တဲ့နှစ်ကတည်းက မဖြစ်သေးပါဘူး။  အငြင်းအခုံဖြစ်တဲ့အထဲမှာ တရုတ်နိုင်ငံတော်သီချင်းကို အလွဲသုံးစားလုပ်ရင် ပြစ်မှု မြောက်တယ်ဆိုတဲ့ ဥပဒေကြမ်းတခုလည်း ပါဝင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
12 months Ago
Up