တရုတ်အစိုးရ

December 12, 2020

တရုတ်အစိုးရကို ဝေဖန်သူ ဟောင်ကောင်မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင် တရားရင်ဆိုင်

တရုတ်အစိုးရကို ဝေဖန်သူ အသက် ၇၃ နှစ်အရွယ် ဟောင်ကောင်မီဒီယာလုပ်ငန်းရှင်ကြီး ဂျင်မီလိုင်ဟာ အမျိုးသားလုံခြုံရေးဥပဒေ စွဲချက်နဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းတယ်ဆိုတဲ့ စွဲချက်တွေကို ရင်ဆိုင်ဖို့ ဒီဇင်ဘာ ၁၂ ရက်မှာ ကောင်းလုံတရားရုံးကို ရောက်လာပါတယ်။ ပြီးခဲ့တဲ့ ဇွန်လမှာ ပြဋ္ဌာန်းခဲ့တဲ့ ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေအရ ခွဲထွက်မှု၊ ဖျက်လိုဖျက်ဆီးမှု၊ အကြမ်းဖက်မှု နဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းမှုတွေဟာ ထောင်ဒဏ် တသက်တကျွန်းအထိ ကျခံရနိုင်ပါတယ်။ ဒီဥပဒေဟာ ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အစိုးရဆန့်ကျင်သူတွေကို ဖြိုခွင်းတဲ့ လက်နက်တစ်ခုအဖြစ် အနောက်နိုင်ငံတွေနဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေက ပြစ်တင်ရှုတ်ချထားပါတယ်။   ဟောင်ကောင်နဲ့ တရုတ်အစိုးရ အာဏာပိုင်တွေကတော့ လချီကြာ ဆန္ဒပြပွဲတွေကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ အမျိုးသားလုံခြုံရေးဟာကွက်တွေကို ဖြည့်ဆည်းဖို့ အရေးကြီးတယ်လို့  ဆိုကြပါတယ်။
5 months Ago

August 18, 2020

ကိုဗစ်-၁၉ ကာကွယ်ဆေးဖြစ်နိုင်ခြေရှိသည့် Ad5-nCoV အတွက် တရုတ်အစိုးရက မူပိုင်ခွင့်ချပေး 

တရုတ်နိုင်ငံက ကာကွယ်ဆေး အထူးထုတ်လုပ်တဲ့ ကန်စီနိုသတ္တဗေဒနိုင်ငံတကာ ကော်ပိုရေးရှင်းဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးဖြစ်နိုင်ခြေရှိတဲ့ Ad5-nCoV အတွက် မူပိုင်ခွင့် အတည်ပြုချက်ကို တရုတ်အစိုးရဆီကရသွားပြီလို့ တရုတ်အစိုးရ မီဒီယာက သတင်းထုတ်ပါတယ်။ တရုတ်အမျိုးသားဉာဏပစ္စည်း စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်တဲ့ စာရွက်စာတမ်းတွေထဲမှာ သြဂုတ်လ  ၁၁ ရက်က မူပိုင်ခွင့် ထုတ်ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။ ဒါဟာ တရုတ်အစိုးရက မူပိုင်ခွင့်ပေးတဲ့ ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြစ်တယ်လို့ အစိုးရပိုင် တရုတ်ပြည်သူ့နေ့စဉ်သတင်းစာက ရေးပါတယ်။ ကာကွယ်ဆေး ဖြစ်နိုင်ခြေရဲ့ နောက်ပိုင်း စမ်းသပ်ချက်တွေကို ရုရှနိုင်ငံထဲမှာ စတင်ခဲ့ပြီး အစောပိုင်းနဲ့ အလယ်ပိုင်းအဆင့်တွေ စမ်းသပ်လို့ အပြီးမှာ ဒီကာကွယ်ဆေး ဖြစ်နိုင်ခြေကို တရုတ်စစ်တပ်ထဲမှာ သုံးဖို့ အတည်ပြုပြီးပါပြီ။  နောက်ပိုင်းအဆင့်တွေကိုတော့ မက္ကစီကိုနဲ့ ဆော်ဒီအာရေဗျ နိုင်ငံတွေမှာ စမ်းသပ်ဖို့ ပြင်ဆင်ထားပါတယ်။
9 months Ago
More News
Up