တရုတ်ဆေးကုမ္ပဏီ

September 25, 2020

တရုတ်ဆေးကုမ္ပဏီ တောင်အမေရိကနိုင်ငံများသို့ ကိုဗစ်-၁၉စမ်းသပ်ကာကွယ်ဆေး ဖြန့်ချိဖွယ်ရှိ

တရုတ်စီနိုဗက်ဆေးကုမ္ပဏီအနေနဲ့ တောင်အမေရိကနိုင်ငံတွေမှာ ကိုဗစ်-၁၉ စမ်းသပ်ကာကွယ်ဆေး ဖြန့်ချိဖို့ စဉ်းစားနေတယ်လို့ ကုမ္ပဏီစီအီးအိုက စက်တင်ဘာ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။ ကမ္ဘာ့ကာကွယ်ဆေးထုတ်နိုင်ငံတွေဖြစ်တဲ့ စီနိုဗက်နဲ့အက်စ်ထရာဇန်နက်ကာတို့ဟာ ကမ္ဘာ့ တတိယအများဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်တဲ့ ဘရာဇီးနဲ့ မိတ်ဖက်ပြုပြီး သူတို့ရဲ့ ကာကွယ်ဆေး နောက်ဆုံးအဆင့်ကို ဘရာဇီးမှာ စမ်းသပ်မှာပါ။  စီနိုဗက်ဟာ သူရဲ့ကုန်ချောတပိုင်း ကာကွယ်ဆေးတွေကို ဘရာဇီးမိတ်ဖက်ကုမ္ပဏီ အင်စတီကျူနို-ဘူတန်တန်ဆီပေးပို့ပြီး မိတ်ဖက်ကုမ္ပဏီက ကာကွယ်ဆေး ပုလင်းသွတ်၊ ထုပ်ပိုးပြီး အသင့်ဖြစ်သွားတဲ့ ကာကွယ်ဆေးတွေကို တခြားတောင်အမေရိကနိုင်ငံတွေဆီ ဖြန့်ချိသွားမယ်လို့  စီနိုဗက်ဥက္ကဋ္ဌက  သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  ဒီဇင်ဘာလလယ်အတွင်း ဆောပေါလိုပြည်နယ်မှာ စည်းမျဉ်းခွင့်ပြုချက်ကို ဆိုင်းငံ့ပြီး စီနိုဗက်ကာကွယ်ဆေးကို စတင်ထိုးပေးဖွယ်ရှိတယ်လို့ ဆော်ပေါလိုပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့ပါတယ်။
9 months Ago
Up