တရုတ်ငါးဖမ်းသင်္ဘော

October 21, 2021

တောင်ကိုရီးယားပင်လယ်ပြင်တွင် တရုတ်ငါးဖမ်းသင်္ဘော နစ်မြုပ်

တောင်ကိုရီးယားနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းက ကမ်းလွန်ပင်လယ်ပြင်မှာ တရုတ် ငါးဖမ်း သင်္ဘော တစီး အောက်တိုဘာ ၂၀ ရက်က နစ်မြုပ်ခဲ့လို့ ပျောက်နေဆဲ လူ ၃ ယောက်ကို ရှာနေရတယ်လို့ တောင်ကိုရီးယားကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။

လူ ၁၅ ယောက်ကို တင်လာတဲ့ ငါးဖမ်းသင်္ဘောဟာ တောင်ကိုရီးယား အနောက်တောင်ပိုင်း ဂန်စံဒေသနားမှာ နစ်မြုပ်ခဲ့တာပါ။

တောင်ကိုရီးယား ကမ်းရိုးတန်းစောင့်တပ်နဲ့ နစ်မြုပ်သင်္ဘောနဲ့အတူ ငါးဖမ်းနေတဲ့ တရုတ် ငါးဖမ်းလှေ နောက်တစီးတို့က သင်္ဘောသား ၈ ယောက်ကို ကယ်နိုင်ခဲ့တယ်လို့ တောင်ကိုရီးယား အခြေစိုက် ယုံဟပ်သတင်းဌာနက ဖော်ပြပါတယ်။

သတိလစ်နေတဲ့ လူ ၃ ယောက်အပါအဝင်တခြား သင်္ဘောသား ၄ ယောက်ကို နောက်ပိုင်းမှာ ရေထဲကနေ ကယ်နိုင်ခဲ့ပြီး လှေနစ်ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

3 months Ago

December 6, 2020

ရေပိုင်နက်အနီးရောက်လာသည့်  တရုတ်ငါးဖမ်းသင်္ဘောများကို ချီလီရေတပ်စောင့်ကြည့်

ပစိဖိတ် သမုဒ္ဒရာအတွင်း ချီလီ ရေပိုင်နက်အနီး ရောက်လာတဲ့ တရုတ် ငါးဖမ်းသင်္ဘော တွေကို ချီလီရေတပ်က စောင့်ကြည့်နေတယ်လို့ ဒီဇင်ဘာ ၅ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ငါးဖမ်းသင်္ဘော ရာပေါင်းများစွာကို ချီလီနိုင်ငံ အာရီကေး ပါရီနာကိုတာဒေသနဲ့နီးတဲ့ နိုင်ငံတကာ ရေပိုင်နက်ထဲမှာ တွေ့ခဲ့တာပါ။ ငါးဖမ်းသင်္ဘော အများအပြားဟာ တရုတ်နိုင်ငံက လာတာဖြစ်ပြီး အရင်လ နှောင်းပိုင်းကလည်း တရုတ် ငါးဖမ်းသမား ၂ ယောက် ချီလီနိုင်ငံ တောင်ပိုင်း မာဂျဲလန် ရေလက်ကြားကို ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီရေလက်ကြားဟာ အတ္တလန္တိတ်နဲ့ ပစိဖိတ်သမုဒ္ဒရာ ၂ ခုကြားက အရေးအပါဆုံး သဘာဝ ရေလက်ကြားလည်း ဖြစ်ပါတယ်။ ချီလီပြည်တွင်း ငါးဖမ်းလုပ်ငန်းဟာ နိုင်ငံရဲ့ စီးပွားရေးကို အကြီးဆုံး ထည့်ဝင်ပံ့ပိုးနေတဲ့ လုပ်ငန်းဖြစ်ပြီး ကမ္ဘာပေါ်မှာ စီးပွားဖြစ် ငါးအဖမ်းရဆုံး ဒေသတွေထဲက တခုလည်း ဖြစ်ပါတယ်။ 
1 year Ago
Up