တရုတ်ကိုဗစ်ကာကွယ်ဆေး

August 3, 2021

ထိုင်းတွင် တရုတ်ကိုဗစ်ကာကွယ်ဆေးထိုးပြီး တပတ်အတွင်း သူနာပြု ၁ ဦး သေဆုံး

ထိုင်းနိုင်ငံမှာ အမျိုးသမီး သူနာပြုတယောက်ဟာ တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခဲ့ပြီး သီတင်းတပတ် မပြည့်ခင်မှာပဲ သေဆုံးခဲ့တဲ့အပေါ် အားလုံးက စိုးရိမ်မှုတွေနဲ့ သံသယတွေ မြင့်တက်နေကြပါတယ်။

အသက် ၄၅ နှစ်အရွယ် သူနာပြု အူရိုင်ဝမ် ချန်သာရာပလင်ဟာ ဆမွတ်စခွန်ခရိုင် ဆေးရုံမှာ အလုပ်လုပ်နေတာဖြစ်ပြီး အမျိုးသားလူနာဆောင်မှာ တာဝန်ထမ်းဆောင်နေရာကနေ ဇူလိုင် ၂၅ ရက်နေ့မှာတော့ လည်ချောင်းနာ၊ ချောင်းဆိုး၊ ဖျားနာတဲ့ လက္ခဏာတွေ ခံစားခဲ့ရလို့ စစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ဆေးရုံဒါရိုက်တာ ဒေါက်တာ အနူးကူလ် ထိုင်းသနန်က ပြောပါတယ်။

ဇူလိုင် ၂၇ ရက်နေ့မှာတော့ သူနဲ့အတူ ရောဂါကူးစက်ခံထားရတဲ့ မိခင်၊ တူမဖြစ်သူတို့နဲ့အတူ ဆေးရုံတခုတည်းမှာပဲ တက်ရောက်ကုသမှုခံယူခဲ့တာ ဖြစ်ပါတယ်။

သူနာပြု အူရိုင်ဝမ်ဟာ အထူးကြပ်မတ်ကုသဆောင်ကို မရောက်ခင်မှာပဲ အသက်ရှူစက်အကူအညီနဲ့ ကုသမှုခံယူခဲ့ရတာဖြစ်ပြီး ဇူလိုင် ၃၀ ရက်မှာတော့ သူ့ကို ဘန်ကောက်မြို့၊ ရာဂျာဝီထိဆေးရုံကို လွှဲပြောင်းခဲ့ပြီး ၂ ရက်အကြာမှာ သေဆုံးသွားခဲ့တာပါ။

ဒေါက်တာ အနူးကူလ်ကတော့ အူရိုင်ဝမ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်က Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံထားခဲ့သူဖြစ်ကာ ရောဂါကူးစက်ပြီး သေဆုံးရတဲ့ အကြောင်းရင်းထဲမှာတော့ ကိုယ်တွင်းခုခံကာကွယ်အားစနစ်က ဗိုင်းရပ်စ်ကို မ တိုက်ဖျက်နိုင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဆမွတ်စခွန် ဆေးရုံမှာတော့ အူရိုင်ဝမ်ဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးတဲ့ ပထမဆုံး ဆေးဘက်ဆိုင်ရာဝန်ထမ်း ဖြစ်လာခဲ့ပါတယ်။

ဆေးရုံဝန်ထမ်း ၂၀၀ လောက်ဟာ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ မပြကြပေမယ့် ဗိုင်းရပ်စ်ကြောင့် ဖျားနာတာတွေ ကြုံတွေ့နေရတယ်လို့လည်း ဒေါက်တာ အနူးကူလ်က ပြောပါတယ်။

ဆမွတ်စခွန်ခရိုင်ကတော့ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အမြင့်ဆုံးခရိုင်တွေထဲ တခုအပါအဝင်ဖြစ်ပြီး လက်ရှိအချိန်ထိ ခရိုင်တွင်း ရောဂါကူးစက်ခံရသူပေါင်း ၅ သောင်းကျော် ရှိနေခဲ့တာပါ။ အဲဒီထဲက ၃ သောင်းကျော်ကတော့ ရောဂါပြန်လည် ပျောက်ကင်းသက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရခဲ့ပြီဖြစ်ကာ သေဆုံးသူအရေ အတွက်ကတော့ ၁၄၀ ထိ ရှိနေခဲ့တာ ဖြစ်ပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ကတော့ ထိုင်းနိုင်ငံတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၆ သိန်းခွဲကျော်၊ သေဆုံးသူပေါင်း ၅,၃၀၀ ကျော်နဲ့ ကမ္ဘာ့ကူးစက်မှု အမြင့်ဆုံး အဆင့် ၄၂ နေရာမှာ ရှိနေတာပါ။       တကမ္ဘာလုံးမှာတော့ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၁၉၉ ဒသမ ၆ သန်း ကျော်၊ သေဆုံးသူ ၄ ဒသမ ၂ သန်းကျော်နဲ့ ရောဂါပြန်လည် ပျောက်ကင်းသက်သာလာသူပေါင်း သန်း ၁၈၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။

2 months Ago

July 29, 2021

ရေးမြို့တွင် တရုတ်ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေး (ဓာတ်ပုံ)

မွန်ပြည်နယ်၊ ရေးမြို့မှာ ဒေသခံတွေကို ဇူလိုင် ၂၉ ရက်​မနက်ကစပြီး  တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးပေးနေပြီး   မြို့ခံအလွှာအသီးသီးက လူပေါင်း ၉၀၀၀ ကို ထိုးပေးသွားမယ်လို့ ကိုဗစ်ကော်မတီက ပြောပါတယ်။

3 months Ago
Up