တရားမဝင်သစ်တင် ၁၂ ဘီးယာဉ်

October 28, 2021

တရားမဝင်သစ်တင် ၁၂ ဘီးယာဉ်တစ်စီးကို ကောလင်း PDF က မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ရွှေဘို - မြစ်ကြီးနားလမ်းမပေါ်မှာ တရားမဝင်သစ်တွေ တင်လာတဲ့ ၁၂ ဘီးယာဉ်တစ်စီးကို အောက်တိုဘာ ၂၅ ရက်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KLPDF က  အောက်တိုဘာ ၂၇ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၅  ရက်က တရားမဝင်သစ်တွေတင်ဆောင်လာတဲ့ ကားကို မီးရှို့ခဲ့ပြီး ကားသမား ကိုတော့ လွတ်ပေးခဲ့ကာ နောက်နောင် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေမယ့် လုပ်ရပ်တွေကို KLPDF က ပြင်းထန်စွာ အရေးယူတားဆီးသွားမယ်လို့ ဆိုပါတယ်။

အခုလုပ်ရပ်ကို စံပြအဖြစ်သတ်မှတ်ကာ တရားမဝင်လုပ်ငန်းတွေကို ဖမ်းဆီးကာ ပြင်းပြင်ထန်ထန် အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့အပတ်ကလည်း အာဏာသိမ်းစစ်ကောင်စီရဲ့ ထုတ်ကုန် ဘီယာတွေ တင်ဆောင်လာတဲ့ တွဲကား ၃ စီးကိုလည်း ကောလင်းပြည်သူ့ကာကွယ်ရေးတပ် (KLPDF) က ဖမ်းဆီးကာ ဖျက်ဆီး ခဲ့ပါတယ်။

 ဓါတ်ပုံ- Kawlin People Defence Force - KLPDF

3 months Ago
Up