တရားမဝင်တင်ပို့သည့် လိပ်များ

September 28, 2021

မြန်မာနယ်စပ်မှ ထိုင်းနိုင်ငံမဲဆောက်သို့ တရားမဝင်တင်ပို့သည့် လိပ်များ ဖမ်းဆီးရမိ

ကရင်ပြည်နယ်၊ မြဝတီမြို့မှတဆင့်  ထိုင်းနိုင်ငံ မဲဆောက်မြို့စျေးကို တရားမဝင် ပို့ဆောင်မယ့် လိပ် အကောင်ရေ ၉၀၀၀ လောက် စက်တင်ဘာ ၂၈ ရက် ဒီကနေ့  ထိုင်းလုံခြုံရေးစစ်တပ်က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေထံက သိရပါတယ်။

လိပ်တွေကို မဲဆောက်ဈေးကိုပို့ဖို့အတွက် မြန်မာကုန်သည်တယောက်က ထိုင်းနိုင်ငံသား တယောက်ကို စေခိုင်းခဲ့ရာမှာ ဒီကနေ့ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ မယ်တော်တိုက်နယ်၊ ၆ ရပ်ကွက်မှာ ထိုင်းစစ်တပ်က ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

ခရီးသွားဝန်ဆောင်အိတ်တွေတင်ဆောင်လာတဲ့ မော်တော်ယာဉ်တစ်စီးကို ကင်းစောင့်နေတဲ့ ထိုင်းစစ်တပ်က မသင်္ကာလို့ စစ်ဆေးမေးရာမှာ ကားပေါ်မှာပါလာတဲ့ အသက်ရှင် ဂျပန်လိပ်တွေကို တွေ့ရှိခဲ့တာပါ။

ဖမ်းဆီးရမိတဲ့ ထိုင်းယာဉ်မောင်း အသက်(၅၈)နှစ်၊ ကားနဲ့ ဂျပန်လိပ်တွေကို မဲဆောက်မြို့အခွန်ဦးစီးဌာနထံ အပ်နှံပြီး ထိုင်းနိုင်ငံဥပဒေအတိုင်း အရေးယူသွားမယ်လို့ သိရပါတယ်။

2 months Ago
Up