တရားမဝင်

September 14, 2021

ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်သည့် ရွှေ့ပြောင်းမြန်မာလုပ်သား ၁၂ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၂ ဦး စက်တင်ဘာ ၁၃ ရက်ညက ဖမ်းဆီးခံရပြီး ထိုင်းဥပဒေအတိုင်းအရေးယူခံရပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့တစ်ဘက်ကမ်းက တစ်ဆင့် မဲဆောက်ဘက်ကို စက်လှေနဲ့ ကူးလာကြပြီး  ထဆိုင်လွတ်တိုက်နယ်(တမအရပ်ကွက်၃) မှာ တပ်ခွဲ ၄၃၁ ထိုင်းလုံခြုံရေးတပ်ဖွဲ့က တွေ့ရှိပြီး စစ်ဆေးမေးမြန်းရာ ထိုင်းနိုင်ငံပြည်ဝင်ခွင့်စာရွက်စာတန်းတွေ မပါတဲ့အတွက် ဖမ်းဆီးခံရတာပါ။

ဖမ်းဆီးခံရတဲ့ ရွှေ့ပြောင်းအလုပ်သမား ၁၂ ယောက်ကို  ကျန်းမာရေးစစ်ဆေးမှုတွေလည်း ပြုလုပ်ခဲ့ပြီး ထိုင်းလဝက ဥပဒေ အတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဘက်မှာ စစ်အာဏာရှင်ဘေးနဲ့  ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကြောင့် ပြည်သူလူထုတွေဟာ အလုပ်အကိုင်ရှားပါးပြီး မိသားစု စားဝတ်နေရေးအတွက်  ထိုင်းနိုင်ငံကို အခက်အခဲအမျိုးမျိုးကြားက သွားရောက် အလုပ်လုပ်ကိုင်နေကြရတာဖြစ်ပါတယ်။

2 weeks Ago

August 20, 2021

စစ်ကောင်စီထုတ်အောင်စာရင်း တရားမဝင်ကြောင်း မော်လမြိုင်တက္ကသိုလ်ကောင်စီ ကြေညာ

အာဏာသိမ်းစစ်ကောင်စီက အတင်းအကြပ်ဖွင့်လှစ်သင်ကြားခဲ့တဲ့ တက္ကသိုလ် အောင်စာရင်းတွေကို အသိအမှတ် မပြု‌ကြောင်း မော်လမြိုင် တက္ကသိုလ် ကြားကာလ ယာယီအုပ်ချုပ်ရေးကောင်စီက ဩဂုတ် ၁၉ ရက်နေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ဆရာ၊ ဆရာမတွေကို စာမေးပွဲဖြေသူ အားလုံး မအောင်မနေရ စစ်ဆေးခိုင်းပြီးနောက် ဩဂုတ် ၁၈ ရက်နေ့မှာ အတန်းတွေရဲ့ တက္ကသိုလ် အောင်စာရင်းတွေကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အခု ထုတ်ပြန်ခဲ့တဲ့ အောင်စာရင်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ဖွင့်လှစ်သင်ကြား‌ ပေးခဲ့တဲ့ ပါရဂူ ဘွဲ့အကြို၊ မဟာတန်း၊ ပဉ္စမနှစ်၊ စတုတ္ထနှစ်နဲ့ ဂုဏ်ထူးတန်းတွေအတွက် ထုတ်ပြန်တဲ့ အောင်စာရင်း ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီ ထုတ်ပြန်တဲ့ တက္ကသိုလ် အောင်စာရင်းတွေဟာ တရားမဝင်ကြောင်းနဲ့ လုံးဝ အသိအမှတ်မပြုဘူးလို့ မော်လမြိုင် တက္ကသိုလ် ကြားကာလ ယာယီအုပ်ချုပ်ရေးကောင်စီက ကြေညာခဲ့တာပါ။

မော်လမြိုင် တက္ကသိုလ်မှာတော့ စစ်ကောင်စီက ဖွင့်လှစ်သင်ကြားပေးခဲ့တဲ့ အတန်းတွေကို တက်ရောက်သူ ကျောင်းသူ၊ ကျောင်းသား ၄၀၀ ကျော်ရှိပြီး အောင်စာရင်း ထုတ်ပြန်မှုအရ စာမေးပွဲ လာရောက်ဖြေဆိုသူ အားလုံး အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

မော်လမြိုင် တက္ကသိုလ် ကြားကာလ ယာယီအုပ်ချုပ်ရေးကောင်စီဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့တာဖြစ်ပြီး တက္ကသိုလ်ရဲ့ အမြင့်ဆုံး အာဏာပိုင်အဖွဲ့ ဖြစ်ပါတယ်။

1 month Ago
More News
Up